PART-4

383 38 0
                                    


သင်းအုပ်ဆရာလေးလဲနားချိန်ဖြစ်တုန်းလေး Chaeနားရက်ရတဲ့တနဂ်နွေညနေခင်းမှာဆရာလေးကိုထိုကလေးအကြောင်းတွေကိုမေးဖြစ်ခဲ့ပါတယ်။

"စစ်စတာ ကျွန်မမေးစရာလေးတစ်ခုရှိလို့ပါ"

"မေးလေ သမီးChaeရဲ့ သမီးဘာသိချင်လို့လဲ"

"စစ်စတာ ကျွန်မ Lisa​လေးရဲ့အကြောင်းလေးတွေသိချင်လို့ပါ"

"အော် lisaလေးအကြောင်းလား သူ့ဘဝလေးကတစ်ကောင်ကြွက် တစ်မျက်နှာသမီးရဲ့ သူ့အဖေကသူဗိုက်ထဲမှာကတည်းကဆုံးသွားခဲ့တာ သူ့အဖေရဲ့မျက်နှာကိုတောင်မတွေ့လိုက်ရရှာဘူးလေ သူ့အမေကလဲသူ့ကိုရှစ်နှစ်ကတည်းကဒီကျောင်းမှာလာထားသွားခဲ့တာ ဘယ်ကိုရောက်လို့ဘယ်ကိုပေါက်နေမှန်းလဲစစ်စတာတို့ကို ခုချိန်ထိဆက်သွယ်မလာခဲ့တာပဲ သူ့မှာအစ်ကိုတစ်ယောက်ရှိသေးတယ်ပြောတယ် သူ့အစ်ကိုအကြောင်းတော့တစ်ခါမှမကြားဖူးဘူး"

"သူ့ဘဝလေးမှာဆွေမျိုးရင်းချာဆိုလို့ သူ့အမေကလွဲပြီးတစ်ယောက်မှမရှိတော့တာလားမသိဘူးနော် စစ်စတာ"

"အဲ့တာကတော့ စစ်စတာတို့လဲမပြောတတ်ဘူးကွယ့်သမီးရဲ့ တစ်ခါမှတော့သူ့အမျိုးဆိုပြီးကျောင်းကိုလဲရောက်မလာဖူးဘူး သူ့အမေဆိုတာကလဲဆက်ဆက်လာခေါ်ပါမယ်ပြောပြီးပေါ်မလာလိုက်တာစပြီးထားသွားခဲ့တဲ့အချိန်ကတည်းကပဲ"

"ညီမလေးကလေ မိသားစုတွေကိုမြင်ရင် အားကျတဲ့ပုံစံမျိုးလေးနဲ့ငေးကြည့်နေတတ်တာ ဘယ်သူမှမရှိတဲ့အချိန်ဆိုကြိတ်ပြီးလဲငိုတတ်သေးတာ ​မာကျောမလိုနဲ့ အားငယ်တတ်တဲ့ကလေးမျိုးလေးပါ သမီးရဲ့ညီမလေးတစ်ယောက်လိုချစ်ခင်မိတယ် စောင့်ရှောက်ပေးချင်မိတယ်"

"ဟုတ်တာပေါ့ သမီးရယ် သူ့ကိုတခြားကလေးတွေထက်ပိုပြီးဂရုစိုက်ပေးပါနော်"

"ဟုတ်ကဲ့ပါစစ်စတာတကယ်တော့လေlisaလေးကသေချာ​မြေတောင်မြှောက်ပေးရင်အရမ်းတိုးတက်မယ့်ကလေးပါ သူ့မှာတခြားကလေးတွေထက်ပိုပြီး ကြိုးစားချင်စိတ်ရှိတယ် ဥာဏ်လဲအရမ်းကောင်းတယ်"

"ဟုတ်တယ်ကွယ့် lisaလေးကစစ်စတာတို့အပေါ်မှာလည်းတော်တော်သိတတ်တဲ့ကလေး ဝတ်ကြီးဝတ်ငယ်အကုန်ပြုစုပေးတာ အငယ်လေးတွေအပေါ်မှာလဲအရမ်းသိတတ်တာ"

SERENITY Where stories live. Discover now