PART-19

277 27 4
                                    

              Chaeကျောင်းသွားတက်ရမယ့်အချိန်ရောက်လာခဲ့ပါပြီ။တစ်ယောက်တည်းအထီးကျန်စွာကျောင်းတက်ရမည်တော့မဟုတ်ပါ။Chaeရဲ့သူငယ်ချင်းIreneနဲ့ Ireneရဲ့သူငယ်ချင်းJoyတို့ပါChaeနဲ့အတူတူIncheon Universityမှာတက်ကြမည်ဖြစ်သည်။မေမေကChaeတို့သုံးယောက်ကိုIncheonမြို့ထဲမှာအိမ်လေးတစ်လုံးငှားပြီးနေစေခဲ့တယ်။ Chaeတို့ကျောင်းသွားအပ်တုန်းကလမ်းမကြီးဘေးမှာထီးမားစွာရှိနေတဲ့ကျောင်းကြီးကိုခန့်ညားတဲ့မုဒ်ဝကြီးကနေလှမ်းမြင်ရတာအမျိုးအမည်မသိတဲ့ခံစားမှုတွေကိုဖြစ်စေခဲ့တယ်။Chaeတို့သူငယ်ချင်းသုံးယောက်အတူတူလက်တွဲပြီးmain buildingကြီးဆီလျှောက်လှမ်းရတာဝေးပေ့မယ့်ဝေးသည်ဟုမထင်မိပါ။Main buildingကြီးရှေ့ဘက်ကြီးကရေကန်ကြီးရဲ့အေးရိပ်ကြောင့်ကျောင်းဝန်းအတွင်းမှာအတော်အတန်အေးမြနေခဲ့တယ်။Chaeတို့ကျောင်းသားရေးရာမှာကျောင်းအပ်ရတာလူသိပ်မရှိတာမို့ခဏနဲ့ပြီးသွားခဲ့တယ်။ပုံနှိပ်စာအုပ်တွေသွားထုတ်တော့ဒီလောက်ကြီးထိများလိမ့်မယ်မထင်ခဲ့တာအမှန်ပါ။ခေါင်းအုံးအိပ်လို့သိပ်ကိုအဆင်ပြေတဲ့အထူလောက်ရှိတဲ့စာအုပ်ကြီးတွေကိုခါးကျိုးလောက်အောင်သယ်ခဲ့ရတာ။ဒီစာအုပ်အနေအထားနဲ့ဆိုယီးတီးယားတားလာလုပ်တဲ့လူတွေကိုစာအုပ်နဲ့ကောက်ရိုက်ရင်တောင်သေနိုင်ပါရဲ့။မေမေတို့ကူသယ်ပေးလို့သာပေါ့ မဟုတ်ရင်မုဒ်ဝကိုဘယ်ချိန်မှရောက်မယ်မသိ။Incheonမြို့ထဲကိုBusစီးပြီးပြန်ရောက်တော့နေ့လယ်လောက်ရှိနေပြီ။Chaeတို့အိမ်နားမှာထမင်းဆိုင်နှစ်ဆိုင်ရှိတယ်လေ။အဲ့တော့Chaeတို့စားရေးသောက်ရေးအတွက်သိပ်ကိုအဆင်ပြေတာပေါ့။

     နေ့လည်ရောက်တော့Chaeတို့ပစ္စည်းတွေကိုနေရာချရင်းအခန်းကတစ်ခန်းပဲရှိတာဆိုတော့Chaeတို့သုံးယောက်အတူတူအိပ်ကြဖို့ဆုံးဖြတ်လိုက်တယ်။ကြမ်းပြင်မှာမွေ့ယာခင်းပြီးအိပ်ရုံပင်။Chaeတို့ သုံးယောက်အတွက်ဒီအိမ်လေးကခြံဝန်းလေးလည်းရှိတော့တကယ်ကိုအဆင်ပြေပါတယ်။Chaeတို့ဒီအိမ်လေးမှာနေသားကျ​ပြီးတစ်ပတ်ကြာတဲ့အချိန်မှာမေမေတို့ပြန်သွားကြတယ်။အလုပ်တွေကပစ်ထားလို့မရတာမို့ Ireneတို့ Joyတို့  အမေတွေလည်းကျောင်းဖွင့်တာတောင်မစောင့်နိုင်ပဲပြန်သွားကြပြီ။Chaeတို့သုံးယောက်ပဲအိမ်လေးမှာကျန်ခဲ့တော့တယ်။Chaeက မေမေနဲ့ခွဲပြီးဂယ်နာရီကျောင်းမှာအကြာကြီးနေခဲ့တာဆိုတော့ဒီလိုခွဲခွာရတာနေသားကျပေမယ့် Ireneနဲ့Joyကအသားမကျသေး။သူတို့ကမိဘနဲ့ခုမှခွဲဖူးကြတာလေ။အဲ့တော့Chaeတို့တစ်ယောက်နဲ့တစ်ယောက်အားပေးနှစ်သိမ့်ရင်းပိုပိုပြီးရင်းနှီးလာကြပါတယ်။ 
  
     ကျောင်းစတက်ရမယ့်နေ့ရောက်တော့Chaeတို့စိတ်လှုပ်ရှားပြီးအစောကြီးနိုးနေကြတယ်။Ireneကအအေးကြိုက်တဲ့သူဆိုတော့ဒီဇင်ဘာနံနက်ခင်းကြီးမှာရေချိုးနေသေးတာ။Chaeတို့လည်းဝတ်စုံတွေကိုကြွကြွရွရွလေးမီးပူတိုက်ပြီးသပ်ရပ်စွာဝတ်ဆင်​လို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။နံနက်စာအတွက်Joyကကင်ချီထမင်းကြော်ကျွေးတော့အဆင်ကိုပြေလို့။Chaeတို့သုံးယောက်Busကားနဲ့ကျောင်းကိုအစောကြီးထွက်လာကြတယ်။Busစီးရတာသိပ်မကြာလိုက်ပဲကျောင်းရှေ့ကိုရောက်လာခဲ့တယ်။Busကကျောင်းထဲကိုမဝင်ပေးပါ။ကျောင်းရှေ့တင်ချသွားလို့ကျောင်းအပ်တဲ့နေ့ကလိုကျောင်းထဲကို​လမ်းလျှောက်ရပြန်တယ်။

       ကျောင်းဝန်းထဲကိုဝင်လာတော့ခံစားချက်တွေကသိပ်ကိုလတ်ဆတ်နေခဲ့တယ်။First year အခန်းလို့သာသိရပြီးအခန်းကဘယ်နားရှိမှန်းမသိတဲ့အတွက်တိုင်လုံးအကြီးကြီးတွေနဲ့main buildingကြီးရဲ့လှေကားထစ်တွေကြားမှာChaeတို့သုံးယောက်ယောင်လည်လည်ဖြစ်နေကြတယ်။သွက်လက်တဲ့Joyက စီနီယာအစ်မကြီးတစ်ယောက်ကိုမေးကြည့်လိုက်တော့ သုံးထပ် Engineering ဆောင်ရဲ့အောက်ဆုံးထပ်မှာFirst yearတွေနေရမည်လို့ပြောလို့ဟိုမေးဒီမေးနဲ့နောက်ဆုံးတော့အခန်းထဲရောက်သွားကြတယ်။ရှေ့ဆုံးတန်းမှာမထိုင်ဖို့သုံးယောက်သားအညီအညွတ်သဘောတူတာမို့အလယ်roleရဲ့သုံးတန်းမြောက်ကိုသာရွေးလိုက်ကြတယ်။အခန်းထဲမှာဟိုတစ်စုဒီတစ်စုနဲ့ကျောင်းသားကျောင်းသူတွေရောက်လာကြနေကြပြီ။ခုမှစမြင်ဖူးကြတဲ့လူတွေဆိုတော့စကားစပြောကြရာလည်းရှက်ရွံ့နေကြတယ်။Chaeတို့လည်းစိတ်လှုပ်ရှားစွာထိုင်နေရရင်း ခေါင်းလောင်းသံလိုအသံတစ်သံကိုကြားလိုက်ရတယ်။Chaeထင်ထားခဲ့တာဒီလိုကျောင်းတက်ခေါင်းလောင်းသံတွေဘာတွေရှိလိမ့်မယ်ထင်မထားဘူး။အတန်းထဲကမိန်းကလေးတွေကိုတစ်ချက်ဝေ့ကြည့်မိလိုက်တော့အကုန်လုံးကချောချောလှလှပြင်ပြင်ဆင်ဆင်လေးတွေနဲ့Seoulသူတွေပဲနေမှာ။Chaeတို့လိုပုံတုံးကြီးတွေလည်းရှိပေမယ့်လေးငါးခြောက်ယောက်လောက်သာ။ ပထမဆုံးကျောင်းတက်တဲ့နေ့မှာစာသင်မည်မဟုတ်ဟုChaeထင်သမျှလွဲသွားပြန်တယ်။ပထမအချိန်ဝင်တဲ့တီချယ်ကတည်းကစာသင်နေပြီလေ။မနက်ပိုင်းမှာ3ချိန်စလုံးစာသင်ပြီးတော့ 11:15မှာထမင်းစားဆင်းပေးပြီးတော့ 12:15မှာ​အတန်းပြန်တက်ရမယ်လို့တီချယ်ကပြောပြတယ်။Joyရဲ့လှုံ့ဆော်မှုကြောင့်သုံးယောက်သားကန်တင်းကိုရောက်သွားကြတယ်။ဘုရား ဘုရား..ဒီလူအုပ်ကြီးကိုဘယ်လိုတိုးရပါ့မလဲ။ဆိုင်လေးခြောက်ဆိုင်ရှိပါရဲ့ တစ်ကျောင်းလုံးကလူတွေကအပြည့်နေရာယူထားကြပြီ။Chaeရဲ့အထင်တစ်ခုထပ်မှားသွားပြန်တယ်။ကျောင်းဖွင့်စနေ့ရက်တွေမှာဒီလောက်အများကြီးကျောင်းတက်ကြအုံးမယ်မထင်ထားတာ။တစ်ပတ်လောက်ထိအတန်းတွေထဲမှာလူမစုံကြဘူးလို့တက္ကသိုလ်တက်နေတဲ့အစ်မတစ်ယောက်ကပြောပြ​ဖူးတယ်။ဒီကျောင်းမှာတော့ဒီလိုမဟုတ်ကြပါ။ကန်တင်းမှာတင်နည်းတဲ့လူတွေမဟုတ်။နောက်ဆုံးIreneရဲ့မျက်စိလျှင်မှုကြောင့်Chaeတို့ထိုင်စရာတစ်နေရာရလာခဲ့တယ်။Chaeတို့လည်းဗိုက်ဆာနေတာကြောင့်အရင်လာချပေးတဲ့ထမင်းတွေကိုဖြေးဖြေးစားရင်းစောင့်နေလိုက်ကြတာ

     "ဟဲ့ ငါထမင်းကုန်တော့မယ် မှာထားတဲ့ဟာတွေကမရသေးဘူးလားဟာ"

         Ireneကမစောင့်နိုင်တဲ့အဆုံးထပြောလိုက်တယ်။ဟုတ်ပါတယ် အချိန်တော်တော်ကြာတဲ့အထိမှာထားတာတွေရောက်မလာခဲ့ပါ။ပန်းကန်လေးတွေသယ်လာလိုChaeတို့ဝိုင်းကိုချမလားမှတ်တယ် ဘေးဝိုင်းတွေကိုချသွားပြန်တယ်။Joy ကဘေးဝိုင်းတွေကိုအကဲလိုက်ခတ်နေပြီးတစ်ခုခုကိုသဘောပေါက်သွားဟန်နဲ့

SERENITY Where stories live. Discover now