Two

953 137 7
                                    


လူ့ပြည်ဆင်းရန်နေ့ရွှေ့ညရွှေ့ရွှေ့နေသောယုန်ပေါက်စကြောင့်လနတ်ဘုရားမလည်းစိတ်တွေလေနေပါပြီ။

နတ်ပြည်မှာတစ်ရက်လူ့ပြည်မှာတစ်နှစ်တဲ့ ဒီအတိုင်းဆိုအကြီးအကဲရဲ့သားတော်လူအဖြစ်နဲ့သက်တော်ကုန်ခါနီးမှပဲလူ့ပြည်ဆင်းဖြစ်တော့မယ်ထင်တယ်

"ကျန့်ကျန့်!!!!"

လနတ်ဘုရားမကနူးညံ့သိမ်မွေ့သောနတ်ဘုရားမတွေထဲမှတစ်ပါးဖြစ်သည်။ သူဒီလိုအော်တာကရှားတယ်။

ရှောင်ကျန့်ချက်ချင်းပင်လနတ်ဘုရားမထံမှအဝေးသို့ပြေးကာနှုတ်မှလည်းခပ်ကျယ်ကျယ်အော်ခဲ့လိုက်သေးသည်။

"ကျန့်ကျန့်လူ့ပြည်မဆင်းခင်လေးသူငယ်ချင်းတွေကိုလိုက်နှုတ်ဆက်လိုက်အုံးမယ်နော်!!"

"အပိုတွေပြောမနေနဲ့ နင့်မှာသူငယ်ချင်းရှိလို့လား!!"

ရှောင်ကျန့်ရင်ထဲဆစ်ခနဲပဲနာကျင်သွားရတယ်။

လနတ်ဘုရားမရဲ့အချစ်တော်ယုန်ဆိုပြီးမာန်ဝင့်နေပြီး စကားပြောလက်ပေါက်ကပ်လှသောရှောင်ကျန့်​ကို တစ်ခြားနတ်ဘုရားတွေကသိပ်အမြင်မကြည်ကြပေ။ ဒါ့ကြောင့်သူ့ကိုခေါ်မယ့်ပြောမယ့်နတ်ဘုရားဆိုလို့လေနတ်ဘုရားနဲ့အချစ်နတ်ဘုရားပဲရှိတယ်။

ဟိုအလုပ်ကြမ်းနတ​်ကတော့ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်ပေါ့လေ

ရှောင်ကျန့်​ေလနတ်ဘုရားထံသို့နှုတ်ဆက်ရအောင်သွားလိုက်တော့(တကယ်တော့နှုတ်ဆက်ပြီးပြီ ဒီအတိုင်းလူ့ပြည်မဆင်းခင်လက်ဆောင်လေးဘာလေးရအောင်သွားတောင်းမလို့ ဟဲဟဲ) အချစ်နတ်ဘုရားကိုပါတွဲတွေ့လိုက်ရသည်။

ရှောင်ကျန့်ဝမ်းသာစွာတစ်ယောက်ပေါ်တစ်ယောက်တက်ထိုင်မတတ်ပူးကပ်ကာထိုင်နေ​ြကတဲ့နှစ်ယောက်အနားကိုလှမ်းခုန်လိုက်ပြီး

"ယို့!..နှစ်ယောက်လုံးတွဲတွေ့ရတာဝမ်းသာတယ်
ငါလူ့ပြည်မဆင်းခင်လေးမင်းတို့ဆီမှာအဖိုးတန်ပစ္စည်းလေးတွေရှိရင်ပေးလိုက်ပါအုံး"

"ကျန့်ကျန့် မင်းလူ့ပြည်မဆင်းသေးဘူးလား"

"အကြီးအကဲသိရင်တော့မိုးကြိုးစာမိတော့မယ်"

လူသားကောင်ကိုစောင့်ရှောက်ရမယ် // လူသားကောင်ကိုစောင့်ရှောက်ရမယ် Where stories live. Discover now