Nine

713 105 8
                                    


ရိပေါ်ရဲ့အဒေါ်ကပေါင်မုန့်ဆိုင်လေးဖွင့်ထားတယ်။ မနက်အစောတည်းကရိပေါ်နဲ့ချန်မောင်နှမနှစ်ယောက်ဟာအဒေါ်နဲ့ဆိုင်လိုက်သွားကြတယ်။

ဆိုင်လေးကခပ်သေးသေးပေမယ့်ဒီမြို့လေးမှာနာမည်ရပေါင်မုန့်ဆိုင်လေးပင်။

နောက်ဖေးခန်းထဲဂျုံနယ်နေတဲ့အလုပ်သမားဘေး ချန်ယန်ယန်းဟာပါးစပ်ဟောင်းလောင်းနဲ့မျက်တောင်မခတ်တမ်းကြည့်နေတယ်။

ဒီကိုကြီးချောလိုက်တာ....

နဘေးမှချန်မင်အာကစိတ်လေတယ်သဘော မျက်ဆန်လှန်ပြလိုက်ပြီးထိုနေရာမှထွက်သွားတော့သည်။ပါးစပ်ကလည်းပြောသွားသေးသည်။

"ညီမတစ်ယောက်ရှိပါတယ် ကြပ်လည်းမပြည့်ရှာဘူး"

ယန်ယန်းကမကြားပေမယ့် ဂျုံ့နယ်နေတဲ့အစ်ကိုကြီးကကြားသွားတာကြောင့်သဘောတကျဟက်ခနဲရယ်တယ်။

ထို့နောက် မင်အာဟာ အရှေ့ဆိုင်ခန်းထဲသို့သွားကာဂိမ်းထိုင်ဆော့နေလေတော့သည်။ ရိပေါ်နဲ့မင်အာကအသက်အရွယ်အရတော့တူတူပဲ ဆိုပေမယ့်

ရိပေါ်ဟာတော့လူငယ်တွေလုပ်လေ့ရှိတဲ့ဂိမ်းဆော့တာတို့အပေါင်းအသင်းနဲ့အပြင်လျှောက်လည်ပျော်ပါးတာတို့ဆိုတာ လုံးဝမလုပ်ဖူးသေးသောလူငယ်လေးပင်။ သူ့မှာအပေါင်းအသင်းမရှိတာကတော့သူ့စွမ်းအားအကြောင်းသိသွားကြတာကြောင့်  တစ်ခြားလူတွေကရိပေါ်ကိုအပေါင်းအသင်းမလုပ်ရဲတော့တာပင်ဖြစ်သည်။

ထိုအရာကိုရိပေါ်ကဂရုမစိုက်ဘူးမဟုတ်ဘူး  သူလည်းအသွေးအသားနဲ့ဖြစ်တည်နေတဲ့လူသားစစ်စစ်တစ်ယောက်

ဖယ်ကျဥ်ခံရတဲ့ခံစားချက်ကိုဘယ်နှစ်သက်နေပါ့မလဲ

ဒါပေမယ့်သူဟာမျက်နှာပေါ်မှာ အထီးကျန်တဲ့ပုံသဏ္ဍာန်အနည်းငယ်မျှကိုတောင် တစ်ခြားလူရှေ့သူသေသွားလျှင်တောင်ပြမည့်လူမျိုးမဟုတ်ပေ။

ရိပေါ်ကမှန်မှတစ်ဆင့်အပြာရောင်မိုးကောင်းကင်ကြီးကိုငေးမောကြည့်နေတယ်။ သူပြောနေကျ ကောင်းကင်ဘုံကအဲ့အထက်မှာရှိနေလောက်လား

ဝယ်ယူသူတွေလာကြတော့ပေါင်မုန့်တွေထုတ်ပိုးပေးရင်း ညီအစ်ကိုနှစ်ယောက်သားကူညီပေးကြတယ်။ ယန်ယန်းကတော့ကိတ်မုန့်ဖုတ်တဲ့ကိုကြီးနားမှတစ်စက်ကလေးမှမခွာကာ ပေါက်ပေါက်ဖောက်လျက်

လူသားကောင်ကိုစောင့်ရှောက်ရမယ် // လူသားကောင်ကိုစောင့်ရှောက်ရမယ် Where stories live. Discover now