Six

943 132 12
                                    


ရှောင်ကျန့်ကကျောင်းရောက်တာနဲ့သူ့ကိုယ်ကိုဖျောက်လိုက်ကာ ရိပေါ်တစ်ယောက်တည်းကသာမြင်စေပြီး စာသင်ချိန်တစ်ချိန်လုံးရိပေါ်ရဲ့ဘေးမှာမတ်တပ်အိပ်ငိုက်နေတယ်။

ရိပေါ်ရဲ့ဘေးခုံကလွတ်နေပေမယ့် ထိုခုံမှာမထိုင်ချင်ဘူးတဲ့လေ..

တော်တော်ဖင်ခေါင်းကျယ်တဲ့နတ်ဘုရား

ရိပေါ် မတ်တပ်အိပ်ပျော်နေသောနတ်ဘုရားလေးကိုပဲကြည့်နေမိတယ်။ ယုန်သွားနှစ်ချောင်းကပေါ်နေပြီးလျှာတက်လက်နဲ့အိပ်ပျော်နေပုံကရယ်ဖို့ကောင်းပေမယ့် ချစ်ဖို့ကောင်းလွန်းတယ်။

ရိပေါ်အသဲတွေယားလာတာကြောင့်အံကိုကြိတ်ကာလက်ထဲမှဖောင်တိန်ကိုသာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိတော့သည်။

ဘာ့လို့ဒီလောက်ပဲချစ်ဖို့ကောင်းနေရတာလဲ
အယောင်ယောင်အနနနဲ့စာသင်ခန်းတစ်ခန်းလုံးကိုပတ်ကြည့်ပစ်လိုက်တယ်။

သူတစ်ယောက်ပဲမြင်နေရလို့တော်သေး

ချစ်စရာကောင်းအောင်အိပ်ငိုက်နေတဲ့နတ်ဘုရားလေးကိုသူတစ်ခြားလူတွေနဲ့ဝေမျှမကြည့်ချင်ဘူး

နတ်ဘုရားလေးဟာသူ့တာဝန်ကျေရုံပဲစာသင်ချိန်တွေမှာ ထိုကဲ့သို့သာမတ်တပ်ရပ်စောင့်နေပေးခဲ့သည်။

ဆံပင်ရှည်အားမစည်းမနှောင်တော့ဘဲဒီအတိုင်းဖြစ်သလိုချထားတဲ့ရှောင်ကျန့်ကို ရိပေါ်အနောက်မှကြည့်ရင်းနဲ့လည်ကုတ်တွေယားသလိုရှိလာတယ်။ အခုသူတို့ကညနေအိမ်ပြန်လမ်းမှာ

"နတ်ဘုရားလေး.."

လှည့်ကြည့်လာတဲ့တခဏရိပေါ်ပါးစပ်လေးဟလို့အသက်ရှူဖို့ပင်မေ့လျော့သွားတဲ့အထိ  ရင်ဘတ်ထဲမှအကောင်ဟာလည်းတဒုတ်ဒုတ်အခုန်မြန်လာရတယ်။

ရိပေါ်သူ့ရင်ဘတ်ကိုလက်နဲ့အသာဖိလို့ငေးကြည့်နေမိတယ်။

လေအဝှေ့မှာနတ်ဘုရားလေးရဲ့ဆံနွယ်ဖြူတို့ဟာဝဲခနဲ  ရှည်သွယ်သောလက်ချောင်းလေးတို့ကဆံပင်အားသပ်တင်လိုက်ချိန်မှာတော့ ရိပေါ်တစ်ယောက်အသက်လုံးဝမရှူတော့ပေ

လှလိုက်တာ...

ရှောင်ကျန့်သူ့ကိုခေါ်တုန်းကခေါ်ပြီးမတ်တပ်မေ့နေတဲ့ရိပေါ်ကိုမျက်မှောင်ကုတ်ကြည့်လိုက်တယ်။

လူသားကောင်ကိုစောင့်ရှောက်ရမယ် // လူသားကောင်ကိုစောင့်ရှောက်ရမယ် Where stories live. Discover now