Seven

695 97 6
                                    


"ဒီနှစ်ကနောက်ဆုံးနှစ်ပဲ မင်းတို့ပိုပြီးအားစိုက်ကြသင့်တယ်  တက္ကသိုလ်ကောင်းကောင်းမတက်ချင်ကြဘူးလား ဟမ်!"

ထုံးစံအတိုင်းသင်္ချာဆရာမကသူ့ဘာသာမှာအကျများလို့ဆူပူနေပြန်တယ်။
ဟုတ်တော့လည်းဟုတ်တယ် အထက်တန်းနောက်ဆုံးနှစ် Class-3မှာအခန်းထဲလူလေးဆယ်ရှိတာ အယောက်နှစ်ဆယ်လောက်ကသင်္ချာကျတယ်တဲ့လေ

ဆရာမစိတ်ဆိုးချင်လည်းဆိုးချင်စရာပါပဲ...

ရှောင်းကျန့်ကမျက်နှာရှုံ့လို့ကိုယ်ကိုကိုင်းကာ ရိပေါ်နားနားကပ်ပြီး ပါးစပ်ကိုလက်နဲ့ကွယ်ကာပြောလာတယ်။

"ဒီဆရာမကတော်တော်ကြမ်းတယ်နော်"

ရိပေါ်ကမကြားသလိုနေလိုက်တယ်။ ရှောင်းကျန့် သူ့ကိုလစ်လျူရှုလိုက်တဲ့လူသားကိုမျက်နှာမဲ့ပြလိုက်ပြီး ဆူနေတဲ့ဆရာမကိုပဲစိတ်မဝင်စားစွာလက်ပိုက်လျက်ဆက်ကြည့်နေလိုက်တယ်။

ဖြစ်နိုင်ရင် နားငြီးလွန်းလို့ အပြင်ထွက်သွားပြီးနေပြီ တာဝန်ရှိနေသေးလို့သာ သူလည်းဘယ်ဘဝကရေစက်မှန်းကိုမသိတော့ဘူး

"အေးနော် မင်းတို့ကိုပြောလိုက်မယ် တစ်ဘာသာကျလည်းကျတာပဲ အောင်ခဲ့ရင်လည်းတစ်မှတ်လောက်ကွာခဲ့ရင်တောင် မင်းတို့တက်မယ့်တက္ကသိုလ်ကကွာခြားသွားလိမ့်မယ် နားလည်ကြရဲ့လား!"

ဆရာမကတော်တော်ဒေါသထွက်နေတာမို့ အသက်ကိုပြင်းပြင်းရှူလို့စိတ်လျော့နေရတယ်။ တပည့်တွေဟာတော့တုံဏိဘာဝေ

မသိရင် သူတို့ကိုပြောမနေကြတဲ့အတိုင်း

"နင်တို့ကတစ်ခြားဘာသာတွေကျအကုန်အောင်ပြီး ငါ့ဘာသာကျ ကျကြတယ်
ဘာလဲ ငါ့ကိုတမင်အရွဲ့တိုက်နေကြတာလား"

ကျောင်းသားတွေကမအီမလည်မျက်နှာတွေနဲ့ခေါင်းခါပြလာကြတယ်။

"သွေးတက်လိုက်တာနော်.."

ဆရာမကသက်ပြင်းအထပ်ထပ်ချကာ သူမရဲ့စာအုပ်ထူထူနှစ်အုပ်ကိုသယ်ပြီး ထွက်သွားလေတော့သည်။ ဆရာမခပ်ဝေးဝေးရောက်မှ ကျောင်းသားတွေမှာသက်ပြင်းချနိုင်တော့သည်။

"ဆရာမကလည်း အရမ်းပွားတာပဲ"

"ငါတော့အချိန်ခရီးသွားစက်နဲ့သင်္ချာကိုတီထွင်ခဲ့တဲ့လူကိုသွားပြီးတော့သာ နားရင်းနာနာအုပ်ပစ်လိုက်ချင်တော့တယ်"

လူသားကောင်ကိုစောင့်ရှောက်ရမယ် // လူသားကောင်ကိုစောင့်ရှောက်ရမယ် Where stories live. Discover now