Twelve

391 38 11
                                    

Unicode
-------

   ရှောင်းကျန့်ပြန်လာပြီးတဲ့နောက် ရိပေါ်ကသိသိသာသာပြောင်းလဲလာသည်။ ဝမ်မားမားတောင်သတိထားမိတဲ့အထိပဲ။ရိပေါ်ကရှောင်းကျန့်အနားမှာပဲအမြဲတမ်းတဂျီဂျီနဲ့နေတတ်ပြီး တစ်ခါတစ်လေလည်းရှောင်းကျန့်ထပ်ပျောက်သွားမလိုဝမ်းနည်းစွာကြည့်နေတတ်သေးသည်။ ရှောင်းကျန့်မှာရိပေါ်ရဲ့ထိုကဲ့သို့ပုံစံအားမြင်တွေ့နေရလေ သူ့ကိုယ်သူအပြစ်တင်မိလေပဲ။ ရိပေါ်ကတကယ်ကြီးစိတ်ရောဂါရသွားတာပဲ။

သူမရှိတဲ့အတောအတွင်းဘယ်လောက်များအနိုင်ကျင့်ခံနေရလို့ပါလိမ့် တွေးပင်မတွေးဝံ့ပေ။ ရှောင်းကျန့်ကအတိတ်ကအကြောင်းတစ်ခုကြောင့်လူသားတွေကိုမုန်းနေပေမယ့် ဤလူသားကိုတော့ကာကွယ်ပေးချင်မိသည်။ အကြီးအကဲရဲ့သားဖြစ်နေတဲ့အတွက်သူ့တာဝန်လို့ခံစားမိနေလို့မဟုတ်ဘဲ သူကိုယ်တိုင်ကိုကလိုလိုလားလားကာကွယ်ပေးချင်နေမိတာပင်။

Uniကျောင်းသားဝမ်ရိပေါ်ကအထက်တန်းကျောင်းသားဝမ်ရိပေါ်နှင့်အနည်းငယ်ကွဲပြားနေပြီ။ ပိုမြင့်လာတဲ့အရပ်ကရှောင်းကျန့်ကိုမှီသလောက်နီးနီးရှိနေပြီးခပ်သြသြအသံဖြင့်ယောက်ျားဆန်ချင်လာပြီ။ ကျောင်းတုန်းကအမြဲတမ်းမျက်လုံးရှေ့ကိုအုပ်ထားတတ်တဲ့ဆံပင်တွေဟာတော့ခုထိရှိနေတုန်းပဲ။ ရှောင်းကျန့်ကရိပေါ်ရဲ့ဆံပင်တွေကိုဖွပြီးစနောက်ရတာကြိုက်သည်။ ရိပေါ်ကထိုအခါတိုင်းမကြိုက်သလိုပြုမူတတ်ပေမယ့်သူပျော်နေတာကိုတော့အနားကဖြတ်သွားတဲ့လူလှမ်းခေါ်မေးတောင်သိသည်။

မျက်လုံးကွယ်နေပြီဖြစ်တဲ့ဆံပင်ကြားထဲကနေလောကကြီးကိုကြည့်နေဆဲဖြစ်တဲ့ရိပေါ်အား ရှောင်းကျန့်ကြည့်ရတာကန့်လန့်မြင်လာတယ်။ မျက်လုံးမစူးဘူးလားမသိဘူး။

"ရိပေါ် လာအုံး"

ရိပေါ်ကကွန်ပြူတာသုံးနေရင်းမှနောက်လှည့်ကာ ထိုင်ခုံအားရွေ့စေရန်ကြမ်းပြင်အားခြေထောက်ဖြင့်တွန်းကာအားပြုရင်းရှောင်းကျန့်ဆီသွားတယ်။

"ဘာဖြစ်လို့လဲ"

ရှောင်းကျန့်ကဘာမှမပြောဘူး သူကလေထဲမှတစ်စုံတစ်ခုကိုလှမ်းယူလိုက်ပြီး လက်ထဲပါလာတာကအစိမ်းရောင်ခေါင်းစည်းကွင်းအသေးလေး

You've reached the end of published parts.

⏰ Last updated: Aug 12, 2023 ⏰

Add this story to your Library to get notified about new parts!

လူသားကောင်ကိုစောင့်ရှောက်ရမယ် // လူသားကောင်ကိုစောင့်ရှောက်ရမယ် Where stories live. Discover now