Eight

663 98 2
                                    


"ရှောင်းကျန့်  ခင်ဗျားမညစ်ပတ်နဲ့!"

"ဟင်.. နေ့လည်တုန်းကတော့ ကျန့်ကောဆို."

"ဘာမှမကောတော့ဘူး  ခုချက်ချင်းခန္ဓာကိုယ်ကိုပြန်ကြီးပေး!"

လူသေးသေးရိပေါ်စိတ်တိုနေပုံက ချစ်ဖို့လည်းကောင်းနေသလို ရယ်လည်းရယ်ရတယ်။ ခါးထောက်လို့ခေါင်းမော့ကာ ရှောင်းကျန့်ကိုရန်တွေ့နေသေးသည်။ နားရွက်လေးသာတပ်ပေးလိုက်ရလို့ကတော့

"ပြန်ကြီးပေးလို့!.."

"ဝမ်ရိပေါ် မင်းကလေ ဒေါသထွက်နေတဲ့ကြက်ပေါက်လေးနဲ့တူနေပြီ တညှပ်ညှပ်နဲ့ ခွိ"

"ရှောင်းကျန့်!"

ရှောင်းကျန့်က ရိပေါ်ရဲ့အသေးလေးပုံကိုသဘောကျတာမို့တမင်ပေကပ်ပြီးမသိချင်ယောင်ဆောင်ကာယောင်လည်လည်လုပ်နေတယ်။ ကြာတော့ ရှူးရှူးရှဲရှဲနဲ့ရိပေါ်က မှုန်ကုတ်ကုတ်နဲ့စိုက်ကြည့်ပြီးဘာမှထပ်မပြောတော့ဘဲငြိမ်ကျသွားတော့သည်။

စိတ်ကောက်သွားပြီဖြစ်တဲ့လူသားပိစိအားပြန်ချော့ရန်စိတ်ကူးတော့ရှောင်းကျန့်ထံမှာရှိမနေဘူး  သူကအဲ့လိုစိတ်ကောက်နေပုံကိုကြည့်ပြီးအသဲတွေယားနေရတာ..

ရိပေါ်ကိုစားပွဲပေါ်တင်ထားတာမလို့စားပွဲပေါ်မှာရှိတဲ့ဘောပင်ကိုမတယ်။ ဘောပင်ဟာအရင်ကသူ့လက်ညိုးလောက်ပဲရှိပေမယ့် အခုချိန်မှာတော့သူ့အရပ်နီးပါးရှိတယ်။ အလေးချိန်ကတော့သူ့အနေနဲ့အသင့်အတင့်မို့တော်သေးသည်ပြောရမယ်။

"ဝေ့  ဘာလုပ်မလို့လဲ"

"..."

ရိပေါ်ကပြန်မပြောဘူး စာရွက်ဗလာတစ်ခုရှာပြီးထိုအပေါ်မှာစာတွေရေးနေတယ်။ ရှောင်းကျန့်က လူသားပိစိရဲ့ဘောပင်ထမ်းပြီးကြိုးစားပမ်းစားစာရေးနေပုံကိုကုတင်ပေါ်မှာဘေးတစောင်းလှဲလို့မေးကိုလက်ထောက်ကာစိတ်ဝင်တစားကြည့်နေလိုက်တော့တယ်။

မိနစ်အတော်ကြာတော့ ရိပေါ်ကကုတင်ပေါ်မှရှောင်းကျန့်ဘက်ကိုလှည့်ကြည့်လာတယ်။ မဲ့ပြုံးပြုံးပြပြီး သူ့ခြေထောက်အောက်မှစာတွေဘက်ကိုပြန်ကြည့်ကာ အသံကိုကျယ်နိုင်သမျှကျယ်ကျယ်အော်ဖတ်လေတော့သည်။

လူသားကောင်ကိုစောင့်ရှောက်ရမယ် // လူသားကောင်ကိုစောင့်ရှောက်ရမယ် Where stories live. Discover now