အပိုင်း (၃၈)

1.9K 201 29
                                    

အပိုင်း (၃၈)

ချင်ရှင်း သွားစရာရှိသည်ဆိုသည့်နေရာမှာ ရှန်ဝမ်အိမ်တော်၏ အဓိကပင်မခြံဝန်းဖြစ်သည့် ဝမ်ဖေး၏ပင်မခြံဝန်းပင် ဖြစ်သည်။
   
ဝမ်ဖေးသည် လက်ရှိ အပြင်ထွက်ခွင့်ပိတ်ခံထားသည်အား သူမ သိပြီးဖြစ်သည်။ သို့စေကာမူ သူမ သွားရန်လိုအပ်ပေသည်။ သို့မှသာ သူမသည် ဝမ်ဖေးအားသွားတွေ့လျှင် ဝမ်ရယ်၏အပြစ်ပေးခံရနိုင်ချေရှိသည့်တိုင် ဝမ်ဖေးအား စွန့်စား၍လာတွေ့ပါသည်ဟူသည်အား အနည်းဆုံးတော့ ဝမ်ဖေး သိသွားစေမည်ဖြစ်သည်။

မင်ယွိ ဝမ်ဖေးအား အပြစ်ပြုမိသည့် ထိုနေ့အား သူမ မှတ်မိနေပါသေးသည်။ ဝမ်ရယ်၏အပြစ်ဒဏ်ဆိုသည်အားလည်း ချင်ရှင်း စိတ်ထဲတွင် သံသယဝင်မိသည်။ တကယ်ပဲ ဝမ်ရယ်သည် ထိုနန်ရှီးဟုခေါ်သောမိန်းကလေးအား သဘောကျနေပါသည်ဆိုဦးတော့...ဘာများဖြစ်နိုင်ပါသေးသလဲ...။
ဝမ်ရယ်မှ ထိုမိန်းကလေးအား အလွန်တရာမှပင် သဘောကျနှစ်ခြိုက်နေသည်ဆိုပါလျှင်တောင်မှ...သူမအတွက် ဒေါသဖြေပေးရန် ဝမ်ရယ် လုပ်ပေးနိုင်သည်မှာ ဝမ်ဖေးအား အပြစ်ထွက်ခွင့်ပိတ်လိုက်သည်ဟူသောအပြစ်ဒဏ်မျှသာ ဖြစ်သည်။ ဝမ်ဖေးသည် အရှင်မင်ကြီးမှ ချီးမြှောက်လက်ထပ်ပေးထားသူဖြစ်သည်။ ဝမ်ရယ်မှ ဝမ်ဖေးအား မကျေနပ်သဘောမကျသည့်တိုင် ဝမ်ဖေးအား ဖယ်ရှားပစ်ရန်ဆိုသည်မှာ မဖြစ်နိုင်သည့်ကိစ္စပင်ဖြစ်သည်။

ထိုမိန်းမသည် ဘာများတတ်နိုင်ပါဦးမည်နည်း။ ဝမ်ရယ်၏ ချစ်မြတ်နိုးခံရပေသည်။ ထို့နောက် ထိုမျှ များပြားစုံလင်လှသည့်နည်းလမ်းမျိုးစုံအား မည်သို့ပင် ဥာဏ်ကစားနေစေကာမူ သူမသည် ဝမ်ဖေး၏မွေးညင်းတပင်ပင် ထိခိုက်အောင် လုပ်နိုင်စွမ်းရှိလာမည် မဟုတ်ပေ။ ဤအိမ်တော် ဤနေရာ၌ ရာထူးအဆင့်အတန်းဟူသည် အရာအားလုံးထက် အရေးပါသောကြောင့်ပင် ဖြစ်သည်။

"စီ့ဖေးမယ်မယ် ပြန်လိုက်ပါတော့...ဘယ်သူပဲဖြစ်ပါစေ ဝမ်ဖေးနဲ့တွေ့ခွင့်မရှိဘူးလို့ ဝမ်ရယ် အမိန့်ချမှတ်ထားပါတယ်...မယ်မယ်ရဲ့ ဂရုစိုက်ပေးတဲ့စိတ်ရင်းကို ကျွန်တော်မျိုးမ ဝမ်ဖေးကို ပြောပြပေးလိုက်ပါမယ်...မယ်မယ် အရင်ဆုံး ပြန်လိုက်ပါဦး..."

You've reached the end of published parts.

⏰ Last updated: Aug 18, 2021 ⏰

Add this story to your Library to get notified about new parts!

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(Myanmar Translation)(Zawgyi)Where stories live. Discover now