အပိုင်း - (၁)

6.9K 417 17
                                    


(Zawgyi)

တစ်ခြားသူတွေနဲ့ မတူညီတဲ့ချစ်ခြင်းမျိုးဆိုရင်တော့...
မမကို ညီမက အပြည့်ထက်ကျော်လွန်တဲ့ ၁၀၁% ချစ်ခြင်းမျိုးနဲ့ ချစ်ပါမယ်။

××××××

"တစ်ယောက်တည်း ခရီးသွားခြင်းအား ကြိုက်နှစ်သက်သူများ မဖြစ်မနေ ဖတ်ရမည့်အချက်များ" ခေတ်က ခေါင်းစဉ်ကိုမြင်လိုက်ရင်ပဲ စိတ်ဝင်စားပြီးဖတ်ချင်သွားတာကြောင့် linkထဲကိုဝင်လိုက်သည်။ Unicodeစာတွေ မြင်လိုက်ရတာကြောင့် အားတက်သရော ဖတ်ချင်သည့် စိတ်က ညစ်ညူးသွားခဲ့ရ၏။ အဲ့တော့ အဲ့ပိုစ့်အောက်မှာပင် commentတစ်ခုကို ဝင်ရေးလိုက်လေသည်။

"ဖတ်ချင်ပေမဲ့ unicodeနဲ့မို့လို့ ဖတ်ရတာအဆင်မပြေ"

ခေတ်က Facebook သုံးတယ်ဆိုပေမဲ့ postတိုင်းရဲ့အောက်မှာ commentပေးလေ့သိပ်မရှိ။ ဒီပိုစ့်လေးကတော့ ဖတ်ချင်စိတ်ဖြစ်တာကို ဖတ်လို့မရလို့ စိတ်တိုတိုနှင့် ရေးလိုက်ခြင်းပါ။

ပြီးမှ ပိုစ့်လေးတစ်ခုနဲ့ ထားပါတော့လေ ဟု စိတ်ကိုဖြေလျော့လိုက်ပြီး friendအနည်းငယ်နှင့် new feedအနည်းငယ်သာ ရှိသော ခေတ်ကိုယ်ပိုင် accountလေးထဲ ခဏတဖြုတ်ကြည့်ကာ ဘုရားရှိခိုးရန် ဖုန်းကိုပိတ်လိုက်တော့သည်။

ခေတ် ဘုရားရှိခိုးနေချိန်မှာပဲ တောင် ဆိုသော အသံလေးနှင့် အတူ messengerမှ notiတက်လာသံကို ကြားလိုက်ရ၏။ အသံကို ဥပက္ခာပြုလိုက်ပြီး ဘုရားကိုသာ စိတ်က အာရုံပြုထားလိုက်သည်။ ဘုရားဝတ်ပြုခြင်း အလုံးစုံပြီးတော့မှ ဖုန်းကိုပြန်ဖွင့်တော့ messenger ကနေ (4)messages ဆိုပြီး notiတက်နေတာကို တွေ့လိုက်ရသည်။

ခေတ် ဖွင့်ကြည့်လိုက်တော့ ခေတ် မသိသော señorita ဆိုသည့် Accountက စာတွေပို့ထားခြင်းဖြစ်လေသည်။ ဘာတွေပို့ထားလဲ သိချင်တာကြောင့် ဖွင့်ကြည့်လိုက်တော့ ခုနက ​ခေတ်mentထားသော ပိုစ့်ထဲမှ စာတွေကို screenshots ရိုက်ထားသော ဓာတ်ပုံသုံးပုံနှင့် "အစ်မဆီမှာ ဖတ်လို့ရလို့ ပို့ပေးတာပါ" ဟူသော စာလေးတစ်ကြောင်းသာပင်...။

ခေတ်ရဲ့ ကောင်းကင်လေးဟာ အဲ့အချိန်ထဲက ခေတ်ဘဝထဲကို ဝင်ရောက်ခဲ့တာပါ...။

Te Amo Por Siempre (I Love You Forever)Where stories live. Discover now