အပိုင်း - (၂)

2.8K 330 5
                                    

(Zawgyi)

ခေတ် ကြားဖူးနေကျ စကားက "လွမ်းစရာရှိရင် နာစရာနဲ့ဖြေတတ်ရတယ်" တဲ့...ဟုတ်ပါတယ် လိုင်းပေါ်မှာ ခင်မင်မိတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် ခေတ်က ဘာလို့များ အတွေးထဲမှာ သူမကိုဦးစားပေးထည့်ပြီး ကြေကွဲနေရမှာတဲ့လဲ...။

ခေတ် တစ်ခါမှ မမြင်ဘူး...မသိဘူးသော အမျိုးသမီးတစ်ယောက်က သူမ ချစ်သူအမည်ဖြင့် မှားကာ ပို့လိုက်သော message တစ်ကြောင်းအတွက်ကြောင့်နှင့် ခေတ်က အရုပ်ကြိုးပြတ် လဲကျသလို ကြေကွဲမနေသင့်ဘူးမဟုတ်လား...ခေတ်မှာလည်း ခေတ်မာနနဲ့ ခေတ်ပဲဟာကို...

အတွေးထဲမှာ ဖြစ်နိုင်သည် ထင်သော အဖြေကို ရွေးချယ်လိုက်ပြီး ခေတ် အစ်မကို အဆက်အသွယ် မလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ပြောရရင် ခေတ် အစ်မကို စိတ်ဆိုးမိတယ်ပေါ့။ ခေတ်ဘက်က ဒီလောက်ခင်မင် ဂရုစိုက်တာတောင်မှ သူမဘက်က ခေတ်ကို ခင်မင်မှုဆိုသော နေရာမှာတောင် ထားရဲ့လား မသိ ဆိုသည့် စိတ်နှင့်ပါ။

အဲ့တော့ ခေတ် အစ်မရဲ့ mydayတွေကို ကြိုးစားပြီး မကြည့်မိအောင်နေသည်။ အစ်မ တင်သော ပိုစ့်တွေကို မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားမိသည်။ စိတ်ထဲမှာတော့ အစ်မများ ခေတ် သူမအနားကနေ ပျောက်ကွယ်သွားတာ...သူမကို စကားတွေလာမပြောတော့တာကို ရိပ်မိပြီး ခေတ်ကို အရင်စတင်၍ စကားလာပြောလေမလားဆိုပြီး မျှော်လင့်မိတာတော့ အကြိမ်ကြိမ်ပါ...။

သို့ပေမဲ့ ခေတ်မှာလည်း မာနရှိတာကြောင့် အစ်မကို အဆက်အသွယ် ဖြတ်ထားလိုက်မိလေသည်။

၁ရက်...
၂ရက်...
၃ရက်...
၁ပတ်...
အချိန်တွေသာ ကုန်လွန်သွားခဲ့၏။ အစ်မ ဆိုသောအမျိုးသမီးလေး ကတော့ ခေတ် ကို ခေတ်မျှော်လင့်ထားခဲ့သလို စကားလာပြောခြင်း မရှိသလို ခေတ် ဘာ့ကြောင့် လိုင်းပေါ်ရှိမနေသော အကြောင်းရင်းအားလည်း မေးမြန်းခြင်းမျိုး မရှိခဲ့ပေ...။

လူနှစ်ယောက်ရဲ့ ဆက်ဆံရေးတစ်ခုမှာ ပိုခင်တွယ်ရသူ...ပိုချစ်ရသောသူကသာ မနေနိုင်သည့်သူ ဆိုသောစကားဟာ ခေတ်အတွက်တော့ သိပ်ကို မှန်တာပဲ။

အစ်မကို တစ်ပတ်လောက်အဆက်အသွယ် ဖြတ်ထားပြီးသည့်နောက်တွင် ခေတ်ကိုယ်တိုင် အစ်မကို ပြန်လည် စခေါ်ဖို့ ဆုံးဖြတ်လိုက်ရပြန်သည်။

Te Amo Por Siempre (I Love You Forever)Hikayelerin yaşadığı yer. Şimdi keşfedin