အပိုင်း - (၄)

2.4K 315 7
                                    

(Zawgy)

"မောနင်းနော် အစ်မ"

အိပ်ယာနိုးနိုးချင်းပဲ ခေတ်ရဲ့ လက်က ဖုန်းဆီကိုရောက်နေပြီး အစ်မကိုစာအရင်လှမ်းပို့သည်။ နောက်ထပ်ဘာပြောရမလဲ ဆိုတာအား စဉ်းစားပြီးအတန်ကြာမှ...

"ရုံးသွားရင်လည်း ဂရုစိုက်သွားအုံးနော် အစ်မ...အကယ်၍ တစ်ခုခုအကူအညီလိုရင် ခေတ်ကိုသာဖုန်းဆက်လိုက်သိလား အစ်မ...ပြီးတော့ အစ်မကိုလည်း မြန်မြန်တွေ့ချင်လှပြီ...အစ်မနဲ့တွေ့ရဖို့ စဉ်းစားပေးပါအုံးနော်"

စာပို့ပြီးမှ အစ်မ စိတ်မဆိုးလောက်ပါဘူးလေ ဆိုတာကို ကိုယ့်ဘာသာကိုယ်ဖြည့်တွေးလိုက်သည်။ ပြီးတော့ ခေတ်ရဲ့တစ်နေ့တာ လုပ်ဆောင်စရာများအား လုပ်ဆောင်ရန် ခေတ် မေမေ ခေတ်ကိုအော်ဟစ်မည့်အသံမကြားခင်မှာ ခေတ် အိပ်ယာက ထလိုက်လေသည်။

ထုံးစံအတိုင်း ခေတ်ရဲ့ မနက်ခင်းအချိန်ကို မီးဖိုချောင်ထဲဝင်ဖို့ပြင်ဆင်ရ၏။ ခေတ် မနေ့ညထဲကတွေးထားတာက ခေတ်တို့ရဲ့ ချစ်သူသက်တမ်း တစ်လပြည့်မှာ အစ်မကို ပေးမည့် အမှတ်တရပစ္စည်းပါ။ အိမ်အလုပ်တွေ ပြီးပြီဆိုတာနှင့် ခေတ်စဉ်းစားထားသော ပစ္စည်းလေးအတွက် ကုန်ကြမ်းတွေသွားဝယ်ဖို့ လုပ်ရမည်။

ပြီးရင်တော့ ခေတ်ရဲ့ အလုပ်လက်ခံထားတာတွေကို ဒီရက်ပိုင်းအပြီးသတ်လုပ်ပြီး အစ်မကို လက်ဆောင်ပေးမည့်ပစ္စည်းကို စိတ်ရောကိုယ်ရောနှစ်ကာ လုပ်မည်ပေါ့။

ခေတ်ရဲ့ ထမင်းချက်ခြင်းရော အိမ်အလုပ်တွေရော ပြီးသွားပြီး ရုံးသွားမည့် သူတွေအလျှိုလျှိုသွားကြတော့မှ ခေတ်က ဖုန်းကိုဖွင့်အားတော့သည်။

ခေတ် ဖုန်းကိုကြည့်တော့ messenger မှ notiတွေတက်နေတာကြောင့် ဖွင့်ကြည့်လိုက်သည်။

"မောနင်း ခေတ်"

"နိုးနေတာကြာပြီလား..."

"အပြင်မှာလား..."

"ခေတ် ရေ..."

"မိုးလင်းတာနဲ့ ခေတ်ကို သတိရနေတာပဲ"

"သတိမရအောင် ဘယ်လိုနေရမလဲ"

ခေတ်က စာတွေကို ဖတ်နေရင်းနှင့်ကို ခေတ်ရင်ထဲ ကုလားဘုရားပွဲလှည့်သလိုပင် ဆူညံနေလေတော့သည်။ ပျော်လည်းပျော် အစ်မဘက်ကအရင်ပို့သော စာလေးတွေကြောင့် ရင်တွေလည်းတုန်ရတယ်ပေါ့လေ။

Te Amo Por Siempre (I Love You Forever)Where stories live. Discover now