ဇာတ်သိမ်းပိုင်း

5.1K 406 26
                                    

(Zawgyi)

ခေတ်တို့ ရွှေတိဂုံသွားပြီး ဆေးရုံရောက်တော့ နေ့လယ်ထမင်းစားချိန်ကျော်နေလေပြီ။ နှစ်ယောက်သား ပါလာသော ကြက်သားကြော်လေးရယ်၊ ငံပြာရည်ကြော်လေးရယ်နှင့် ထမင်းစားသောက်ပြီး မမကတော့ ပင်ပန်းလို့ထင်ပါတယ် ဆေးရုံးကုတင်ပေါ်လေးမှာတင် အိပ်ပျော်သွားလေ၏။

ခေတ်ကတော့ ပါလာသော ပစ္စည်းလေးတွေကို အခန်းထဲ နေရာတကျထား၊ အဆင်သင့်ထုတ်စရာရှိသည့် အဝတ်လေးတွေထုတ်နှင့် အလုပ်တွေရှုပ်နေပြန်သည်။အကုန်လုံးလုပ်ပြီးသည် အထိ မမက မနိုးသေးတော့ ချွေးတွေနှင့် စေးကပ်နေတာကြောင့် ရေချိုးဖို့ပြင်နေတုန်း ခေတ် ဖုန်းသို့ မသိင်္ဂီဖုန်းနံပါတ်ဝင်လာလေသည်။

"ဟယ်လို မသိင်္ဂီ...ရန်ကုန်ရောက်ပြီလားဟင်..."

"ရန်ကုန်ရောက်တာကြာပြီခေတ်...အခုဘေးမှာ မိုးသားရှိလား..."

"မမက အိပ်နေတယ် မသိင်္ဂီရဲ့...မနက်က ဘုရားသွားပြီးပင်ပန်းသွားတယ်ထင်ပါတယ်...အိပ်နေတာအကြာကြီးပဲ...ဘာလို့လဲဟင် အစ်မ"

"အစ်မက ဆေးရုံရောက်နေပြီ...ခေတ်တို့အခန်းရှေ့မှာ ခဏထွက်လာလို့ရမလား..."

"အယ် အခန်းရှေ့မှာလား...ဒါများဝင်လာတာမဟုတ်ဘူး မသိင်္ဂီရယ်...ခေတ်အခုပဲ တံခါးဖွင့်ပေးမယ်နော်"

ခေတ်က ဖုန်းက်ုချလိုက်ပြီး တံခါးဖွင့်လိုက်သည်။ ပထမဆုံးမြင်ရတာဟာ မသိင်္ဂီဖြစ်ပြီး မသိင်္ဂီဘေးမှာတော့ မမမေမေက မတ်တပ်ရပ်နေလေ၏။

"အန်တီ...ဟို...မသိင်္ဂီ...အန်တီက ဘယ်လိုလုပ်..."

"သမီး သိင်္ဂီ...မိုးသားကိုခဏကြည့်ပေးထားလို့ရမလား...အန်တီကလေးမလေးနဲ့ စကားပြောချင်လို့"

"ဟုတ်ရပါတယ် အန်တီ...အန်တီတို့ လွတ်လွတ်လပ်လပ်ပြောကြပါ...ခေတ် ညီမလေး အန်တီသိသင့်သလောက်တော့ အစ်မပြောထားတယ်...ကျန်တာကိုတော့ ညီမလေး အန်တီနဲ့ပြောလိုက်နော်"

ခေတ်က ကြောင်တောင်တာင်လေးဖြင့် တစ်ခွန်းမှ ပြန်မပြောနိုင်သေး...ရင်ထဲမှာတော့ ကမ္ဘာစစ်တွေ ဖြစ်နေကြလေပြီ။ ခေတ်ကို မမနှင့် လာများခွဲတာလားဆိုသည့် စိတ်ကြီးကြောင့်လည်း ကြောက်စိတ်တွေ ဖြစ်ပေါ်နေမိ၏။

Te Amo Por Siempre (I Love You Forever)Where stories live. Discover now