Part(3)

129 16 0
                                    

စိုင်းမာန်ခ အဖေမှာ ရပ်နေရင်းဖြင့် လမ်းဘေး၌
ထိုင်လျှက်သားဖြစ်နေသည့် ထိုနှစ်ယောက်ကို ငုံ့ကြည့်နေလေသည်။စိုင်းမာန်ခ လက်သို့ အကြည့်ရောက်သွားစဉ် သူ မျက်နှာမှာ သိသိသာသာကို ဒေါသထွက်နေသည့်အရိပ်အယောင်များ ဖုံးလွှမ်းလာတာ ဒုတိယကြောက်ဖို့ ကောင်းသည့် အကြည့်မှာ နောင် ဆီသို့ ဦးတည်နေလေ၏။

ထို့နောက် အေးစက်စက်အကြည့်၊အမိန့်ဆန်သည့်လေသံဖြင့် ခပ်ပြတ်ပြတ်ပြောလာပါတော့သည်။

"အဲ့နေရာမှာ တစ်သက်လုံးထိုင်ဖို့ စဉ်းစားနေတာလား!!ကားထဲချက်ချင်းဝင်စမ်း!"

စိုင်းမာန်ခကို မတ်တပ်ရပ်နိုင်ရန် ကူတွဲပေးရင်း ကားအနောက်
ခန်းထဲဝင်ထိုင်လိုက်လေသည်။ခြံထဲပြန်ဝင်လာသည့်
အချိန်အထိ လမ်းတောက်လျှောက်တိတ်ဆိတ်နေပြီး နောင်မှာ သွေးထွက်နေသည့် သူ့လက်ကို မကြာမကြာ ကိုင်ကြည့်ပြီး
စစ်ဆေးခြင်းမှလွဲ၍ မည်သည့်စကားမှ မလာပေ။

သခင်ကြီး၏အနောက်မှ နှစ်ယောက်သား အိမ်ထဲလိုက်ဝင်လာကြပြီး ဧည့်ခန်းထဲရောက်တော့ အမေဖြစ်သူမှာ သူ့လက်က ဒဏ်ရာကိုတွေ့သွားပြီး အနားသို့ ချက်ချင်းရောက်လာကာ သေချာစစ်ဆေးနေလေ၏။

"ဘာဖြစ်ကြတာလဲ!"

မျက်ခုံးနှစ်ခုကို တွန့်ချိုးထားရင်း နောင်ကို အမိန့်ဆန်ဆန်ဖြင့် မေးလိုက်ခြင်းပေ။သခင်ကြီး လေသံကြောင့် နောင်ရဲ့ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်သွားသည်ကိုလည်း စိုင်းမာန်ခ မြင်လိုက်လေသည်။

"ဦးစိုင်းစစ် ရဲ့သားက ပြဿနာလာရှာရင်းရန်ဖြစ်တာ "

If we meet again (ထပ်ဆုံဖြစ်ခဲ့ရင်)Where stories live. Discover now