Part(15)

67 14 0
                                    

အချိန်မှာကား ၁၀နာရီခန့်ရှိနေပြီး စိုင်းမာန်ခ
အိမ်ဧည့်ခန်းထဲ၌ စောစေးရတုထိုင်နေလေသည်။laptop ယူပြီးသူ့အနားပြန်ရောက်လာကာ စောစေးရတုပေးသည့်
ပုံကြမ်းကို ကြည့်ရန်လုပ်နေစဉ် စောစေးရတုက သူ့အားပြောလာ၏။

"ဦးပေါက်ကရတွေပေးလိုက်တာ အသိအသာကြီးနော်"

"ငါကဒါကိုပြန်ပြင်ခိုင်းတာ အကျိုးသင့်အကြောင်းသင့်
မမေးဘဲ မင်းကယူသွားလေ"

ထို့နောက် စောစေးရတုရဲ့ ပုံကြမ်းကို ကြည့်လိုက်လေသည်။
မြင်မြင်ချင်း အံ့ဩမှုဖြင့် ထိုပုံကိုသေချာကြည့်နေမိ၏။သူက
ဖြစ်သလို ဆွဲပေးလိုက်ခြင်းဖြစ်သော်လည်း သူ့ပုံက
အခန်းတစ်ခန်း ဖွဲ့စည်းပုံဖြစ်ကာ သူတစ်ယောက်ပဲ
နားလည်နိုင်သည့် ပုံမျိုးဖြစ်သည်။စောစေးရတု ပုံကြမ်းမှာတိုက်ဆိုင်စွာပင် အခန်းတစ်ခန်း ဖွဲ့စည်းပုံဖြစ်နေပါသည်။

"မင်း.....ဒါကိုဘယ်လို "

"ဦးတောင် ပေါက်ကရမျဉ်းကြောင်းတွေဆွဲပေးလိုက်သေးတာပဲ ကျွန်တော်လည်း ထင်တာဆွဲလာတာပေါ့"

တိုက်ဆိုင်သွားတာလို့သာမှတ်ယူရင်း laptop ကိုပိတ်လိုက် ကာနေရာမှ ထရပ်လိုက်သည်။သူရပ်တာကိုမြင်တော့
စောစေးရတုက အမေးရှိလာပြန်သည်။

"ဘာလုပ်မလို့လဲ"

"ဆိုက်ထဲသွားမယ်"

သူတို့နှစ်ယောက်အိမ်မှထွက်လာခဲ့ကြသည်။ကားရပ်သည့် နေရာ၌ ကြည့်လိုက်တော့ အိမ်ကြီးတစ်အိမ်ရှေ့တွင်ဖြစ်ကာ အလုပ်သမားတစ်ယောက်က ခြံထဲကားဝင်လို့ရစေရန် တံခါးလာဖွင့်ပေး၏။အပြင်ပိုင်း အပြင်အဆင်တွေမှာ အကုန်ပြီးသွားပြီဖြစ်သော်လည်း အတွင်းပိုင်းအပြင်အဆင်က ပြီးဆုံးခြင်းမရှိသေးသဖြင့် အလုပ်သမားအနည်းငယ်လည်းရှိနေသည်။

စိုင်းမာန်ခက အိမ်ရှေ့၌ရပ်လိုက်ပြီး အိမ်ကိုမော့ကြည့်လာရင်း စောစေးရတုကို ပြောလာလေသည်။

If we meet again (ထပ်ဆုံဖြစ်ခဲ့ရင်)Where stories live. Discover now