Part 3

856 59 5
                                    

ရှောင်ဦးဦးရဲ့ဂျစ်တူးလေး၀မ်

လေယာဥ်ကွင်းထဲမှာ
tissue ကိုတစ်ရွက်ပြီးတစ်ရွက် ပေးနေရသော ရှောင်Ceo

သူ့ရဲ့မတော်ရသေးတဲ့ ချစ်သူလေး ကြောင့် သူ့မိဘတွေလေယာဥ်နဲ့ထွက်သွားတာတောင် ကြာပြီကိုသူကတော့အငိုမတိတ်သေး ရှောင်ကျန့်စိတ်ထဲမှ

*ဂျစ်တူးလေးက မိဘတွေနဲ့မခွဲဖူးတော့ ငိုနေရှာတာ သနားပါတယ် *
ဟုရှောင်ကျန့် အသာလေး ပင်ဂျစ်တူးရဲ့ခေါင်းလေးကိုညင်ညင်သာသာလေး ပုတ်ပေးလိုက်တယ်
ခဏအကြာ ရိပေါ်ပြောလိုက်တဲ့ အပြောကြောင့်ရှောင်ကျန့်မှာ ခနက သူပြောခဲ့တဲ့စကားလေးတွေဟာ အငွေ့လေးသဖွယ် ပျောက်ပျက်သွားတယ်
ရိပေါ်ပြောလိုက်တဲ့စကားက

'ပါးနဲ့မားရယ် Canada ကို ကြာကြာနေမနေဘူး တစ်လတည်းလား
တစ်နှစ် နှစ်နှစ်လောက်နေတော့ ပါးနဲ့မားရဲ့ စီးပွားရဲ့လုပ်ငန်းတွေတိုးတက်တာကို အခုတော့ ဟင့် ဟင့် တစ်လတည်း 😭😭´

'ဂျစ်တူးရယ် လာပါကွာ သွားကြ အောင် လူတွေကြည့်နေတယ် တော်ကြာ ဦးကို တမျိုးထင်နေအုံးမယ်´ဟုရှောင်ကျန့် ရိပေါ်နားကပ်ကာ ပြောလိုက်တယ်

'ခဗျားကြီးက ဘာဖြစ်နေတာလည်း သူများငိုနေတာကို လာပြီးတော့အပြစ်ပြောနေတာလား ဘယ်သူကြည့်ကြည့်ပေါ့ သူတို့မျက်စိနဲ့ငိုတာမှမဟုတ်တာ ရွှတ်´

'ဟုတ်ပါပြီ ဂျစ်တူးရယ်  ငိုတာကြီးကမလှပါဘူး မငိုနဲ့နော် တိတ်တိတ် ကားစီသွားကြရအောင်´ဟုပြောကာရှောင်ကျန့်ရိပေါ်ကိုလက်မှဆွဲခေါ်လာတယ်

ရိပေါ်ကတော့

'ငိုပါတယ်ဆိုနေမှနဲ့ ဘယ်သူကငိုရင်လှလို့လည်း ဘိုးတော်ကြီးရဲ့´ဟု ကားစီသွားရာလမ်းတလျောက် ပျစ်တောက်ပျစ်တောက်နဲ့ ပြောကာကားစီရောက်လာတယ်

ရှောင်ကျန့်ရိပေါ်ကို ကားတံခါးဖွင့်ပေးလိုက်တယ်
ရိပေါ်လည်းကားပေါ်သို့တက်ထိုင်လိုက်ပြီး မျက်နှာကိုတခြားဖတ်ကိုလည့်ထားတယ် ရှောင်ကျန့်ကတော့ ရိပေါ်ကိုကြည့်ကာ ခေါင်းယမ်းမိတယ်

'ခါးပတ် ပတ်ထားလေ ဂျစ်တူး´ဟုရှောင်ကျန့်ကရိပေါ်ကိုပြောလိုက်တယ်
ရိပေါ်မကြားဟန်ဆောင်ကာ နေလိုက်တယ် ရှောင်ကျန့်လည်း ခါးပတ်မပတ်တဲ့ဂျစ်တူးလေး၀မ်ကြောင့် ခါးပတ်ပတ်ပေးဖို့အနားကိုတိုးလာတယ်
ရိပေါ်အနားတိုးလာတဲ့ရှောင်ကျန့်ကြောင့် မျက်လုံးပြူးမျက်စံပြူးဖြင့် ရှောင်ကျန့်လည်းစချင်လာတာကြောင့်ရိပေါ်မျက်နှာနှင့်နီးကပ်အောင်တမင်လုပ်လိုက်တော့ ရိပေါ်မှာ ရင်ထဲကအကောင်ပေါက်က အဆမတန်ခုန်လာတယ်

ရှောင်ဦးဦးရဲ့ဂျစ်တူးလေး၀မ်(ရှောင်ဉီးဉီးရဲ့ဂျစ်တူးလေးဝမ်)Where stories live. Discover now