Zawgyi

221 7 1
                                    

အချိန်အားဖြင့် ည၇နာရီခန့်ဖြစ်သည်

ရှောင်အိမ်တော်မှာ တိတ်ဆိတ်လို့နေတယ်

ထမင်းစားပွဲဝိုင်းရဲ့တည့်တည့်မှာ ရှောင်ကျန့်က ထိုင်နေပြီ ရှောင်ကျန့်ရဲ့ဘေးတစ်ဖက်တစ်ချက်ရဲ့ထိုင်ခုံမှာ ရိပေါ်နဲ့အမရာက ထိုင်လို့နေတယ်

'ထမင်းစားကြ ခုနက ကိစ္စကို ထမင်းစားပြီးမှဆက်ပြောမယ် ´ဟု ခပ်ပြတ်ပြတ်ပြောလိုက်တယ်

ဝမ်ရိပေါ်နဲ့အမရာလည်း အပြစ်လုပ်ထားတာကြောင့် ထမင်းကိုသာငုံ့စားနေတယ်

ရိပေါ်ကတော့ ထမင်းတလုပ်ကိုစားပြီးတိုင်း သူ့ဉီးကိုမျက်လုံးလေးလှန်လှန်ကြည့်တယ်

အမရာကတော့ ရှောင်ကျန့်ကို အရေးမလုပ်တော့ အစားကိုတာ ငုံ့စားနေတယ် (အရင်ဘဝက ငတ်လာလို့ပါ😂😂)

ရှောင်ကျန့်ရိပေါ်မျက်လုံးလေးလှန်ပြီး ကြည့်နေတာကို မြင်တာပေါ့ ဒါပေမဲ့ အပြစ်လုပ်ထားလို့ မမြင်ချင်ယောင်ဆောင်ပြီး စားစရာရှိတာကိုစားနေတယ်

ဘာပြဿနာလည်းသိချင်ကြမှာပေါ့ ပြောပြမယ်

Flaskback___

'ပေါ်တိ ဉီး စာရင်းတွေစစ်နေရတယ် လေ ဉီးကိုလာမဆွနဲ့နော်´ဟု ရှောင်ကျန့်လသူ့ကိုယ်ပေါ်ကိုအနှံ့ပွတ်သတ်နေတဲ့ ရိပေါ်ကို ပြောလိုက်တယ်

'ခ်ခ်ခ် ဉီးရဲ့ bodyကြီးကတောင့်တာကိုး အရမ်းမိုက်တယ် အားကိုးချင်စရာကြီး ပေါ်တိကြိုက်တယ် ခ်ခ်ခ်´ဟု ရိပေါ်တစ်ယောက် တခစ်ခစ်ရယ်ကာ ပြောလေတယ်

'ပြောထား ညကျမှ မင်းလေး ကို ကိုယ့်body အနှံ့ကိုင်ခိုင်းမှမကိုင်ဘဲမနေနဲ့😎´ဟုရှောင်ကျန့်က လူယုတ်မာအပြုံး ပြုံးကာ ပြောလိုက်တယ်

'ဉီး ဘာတွေလျှောက်ပြောနေတာလည်း ဒီက အကောင်းပြောနေတာနော် ဉီးကဘာလည်း လက်မထပ်ရသေးဘဲဒါတွေဘဲတွေးနေတာလား´

'အခုလက်ထပ်မလား လာ ဉီးက အဆင်သင့်ဘဲ ဉီးကပေါ်တိအဆင်သင့်မဖြစ်သေးဘူးထင်လို့ ´

'ဟွန့် တော်ပြီ လုပ်စရာရှိတာလုပ်တော့ အဲ့အကြောင်းနောက်မှဆက်ပြောမယ် ဉီးကိုမနှောက်ယှက်တော့ဘူး အမရာနဲ့ အောက်ထပ်မှာTVသွားကြည့်လိုက်အုံးမယ်´

ရှောင်ဦးဦးရဲ့ဂျစ်တူးလေး၀မ်(ရှောင်ဉီးဉီးရဲ့ဂျစ်တူးလေးဝမ်)Where stories live. Discover now