Part-8

424 32 6
                                    

ရိပေါ်တစ်ယောက် သံပုရာရည်ဖျော်ပြီး ဧည့်ခန်းထဲကိုသွားလိုက်တယ်
အမရာကတော့ မီးဖိုချောင်ထဲမှာ ချောကလက်ကော်ဖီလုပ်မလုပ်ဆိုပြီးနေခဲ့တယ်

'သောက်လို့ရပြီနော် 🙂´ဟုရိပေါ်တစ်ယောက် ပြုံးကာပြောလိုက်တယ်
(အပြုံးရဲ့နောက်ကွယ်မှာတော့)
*ဟင်းးးး ငါ့ဦးကို လာလုတဲ့ဟာတွေ ခံလိုက်ပါအုံးကွယ် ညကျရင် အိမ်သာထဲမှာ အိပ်လိုက်ပါ အို ဟုတ်သေးဘူး အိမ်မပြန်ခင်ကိုအစွမ်းပြမှာလို့ အမရာကပြောလိုက်တာ😂😂)

'ခလု ခလု ခလု´ဆိုပြီး ဖန်းလီတစ်ယောက် အိမ်မှာမသောက်ဖူးသလို ပုံစံနဲ့ ချက်ချင်းကုန်အောင်သောက်လိုက်တယ်

'မြန်တယ်နော် သောက်တာ ´ဟု ရိပေါ်ကပြောလိုက်တယ်

'ပေါ်တိ အမရာက ဘယ်နေခဲ့တာ´

'သိဝူးလေ သူကပေါ်တိကိုသံပုရာသီးလှီးပေးပြီးတော့ ထွက်သွားတာ´ဟု ရိပေါ်လိမ်လိုက်တယ်

'ရှောင် စာရင်းက မှားနေတာမဟုတ်လား ´

'မမှားပါဘူး မင်းသေချာမစစ်တာပါ ဒီစာရင်းက ငါစစ်ထားကြီးသား ´ဟု ရှောင်ကျန့်ပြောလိုက်တယ်

ရှောင်ကျန့်ထိုသို့ပြောလိုက်တော့ ဖန်းလီ မျက်နှာပျက်သွားတယ်ချက်ချင်းပြန်ပြုံးကာ

'ဟုတ်လား ရှောင် အဲ့တာဆို ဖန်းကို ပြပါ့လား ဖန်း စစ်တာဘယ်နားမှားတာလည်း မသိဘူး ´ဟု ရုံးပတေသီးကတောင်အမေလို့ ခေါ်ရလောက်အောင်ချွဲပျစ်နေတဲ့အသံနဲ့ပြောရင်းရှောင်ကျန့်ထိုင်နေတဲ့နေရာကို တိုးသွားလိုက်တယ်

ထိုအရာကိုမြင်လိုက်တဲ့ သူကရိပေါ်
ရိပေါ်ကသူ့ဦးနားမှာလိုတာထက်ပိုနေသော ထိုဖန်းလီဆိုတဲ့ဘီလူးမကြီးကို
ရွဲ့ကာ

'ဦး ဧည့်ခန်းမှာ airconဖွင့်ထားတာနော အဲ့တာကိုအိုက်တဲ့သူကရှိသေးတယ်ထင်တယ် ´ဟုရိပေါ်က ဖန်းလီဘက်ကိုလှည့်ကာ ပြောလိုက်တယ်

'ပေါ်တိက airconပိတ်ချင်လို့လား ဦးပိတ် ပေးမယ်လေ ´

'ဟင့်အင်ပေါ်တိ ကပူဘူး ပူတဲ့သူတွေက သူတို့ပေါက်စီနှစ်လုံးကို ပြူးနေအောင် ဖော်ထုပ်ထားကြတာ အဲ့တော့အဲ့လိုလူတွေက ပူနေတာပေါ့ဦးရဲ့ ´

ရှောင်ဦးဦးရဲ့ဂျစ်တူးလေး၀မ်(ရှောင်ဉီးဉီးရဲ့ဂျစ်တူးလေးဝမ်)Where stories live. Discover now