Part-4

667 47 10
                                    

Unicode

အရာအားလုံးဟာအမှောင်အတိကျနေပေမဲ့ ကြိုးနဲ့တုပ်ခံထားရတဲ့သူကိုတော့ မြင်နေရတယ်

'မင်းတို့ဘယ်သူတွေလည်း ငါ့ကို ဘာလို့ဖမ်းထားတာလည်း ငါ့ကိုမျက်နှာမှာဖုံးထားတဲ့အ၀တ်ကို ဖယ်ပေးစမ်း´ဟုဒေလီယာက​အော်ကာပြောလိုက်တယ်

'ကျစ် နားငြီးလိုက်တာ ´ဟု ရှောင်ကျန့် သောက်လက်စဆေးလိပ်ကို ဖွာရင်းပြောလိုက်တယ်

ထို့နောက် ကျိရန်ကို

'ကျိရန် သူ့မျက်နှာက ဟာကိုဖယ်လိုက် ´

'ဟုတ်ကဲ့Boss´

ကျိရန်လည်း အမြန် ဒေလီယာမျက်နှာမှာဖုံးထားတဲ့အ၀တ်စကို ဖယ်လိုက်တော့ ဒေလီယာဆီမှ

'ကျန့် ဘာလို့ ဒေလီယာကို ဒီလိုလုပ်ရတာလည်း´

'မင်းရဲ့ဟော့ဒီ $ပါးစပ်က ငါ့နာမည်ကို အဲ့လိုခေါ်တာကိုပိတ်ပစ်ရမယ်´ဆိုပြီး ရှောင်ကျန့် ခနကကျိုထားတဲ့ ရေနွေးပူကိုဒေလီယာပါးစပ်ထဲကိုလောင်းထည့်လိုက်တယ်

ဒေလီယာမှာ လည်ချောင်းထဲရောက်လာတဲ့ပူလောင်လှတဲ့ ရေတွေကြောင့် မအော်နိုင် ခန္တာကိုယ်ကလည်းလှုပ်နေတော့ ရေနွေးတွေက လည်ချောင်းထဲလည်ရောက် ခန္တာကိုယ်ပါအပူလောင်ကုန်တယ်
ရေနွေးတွေ ကုန်သွားတော့လည်းဒေလီယာမှာပူလွန်း၍ဘာမှ မပြောနိုင် လည်ချောင်းလည်း ဘာမှပြောလို့မရပေ ဒါပေမဲ့ ဒေလီယာက အားယူကာ

'ကျန့်  မင်း...ကို တို့ပါပါးက ဒီတိုင်းကြည့်နေမယ် ..အာ ..ထင်လို့လား ´

'အဟက်´ရှောင်ကျန့်ဒေလီယာစကားကြောင့် တချက်ရီလိုက်ပြီး
ကျိရန်ဘက်လှည့်ကာ

'လင်းဥက္ကဌ ကိုခေါ်လာခဲ့လိုက်´

ကျိရန်လည်းထွက်သွားပြီး ဒေလီယာက

'ရှောင်ကျန့် အ့ နင် ငါ့ပါပါးကိုဘာလုပ်ထားတာလည်း´

'ပါးပါးလေးပါ မင်းရဲ့အဖေက ငါ့ကို Top 1နေရာကနေဆွဲချ ချင်နေတာ ဒါပေမဲ့ သူ့အစီစဥ်တွေမအောင်မြင်လိုက်ပါဘူး ငါက အစကတည်းက မင်းတို့အိမ်တော်ကို စောင့်ကြည့်နေခဲ့တာ မင်းပါပါးက လျှာနှစ်ခွနဲ့မြွေ မင်းလည်းအတူတူဘဲ !! ငါ့နားကိုချဥ်းကပ်လာတာ ငါ့ရဲ့ Companyကိုလုချင်လို့ဆိုတာငါမသိဘူးမထင်နဲ့ အေး အစက ငါမသိချင်ယောင်ဆောင်မလို့ဘဲ မင်းက ငါ့ချစ်ရတဲ့သူကို ကိုယ်ထိလက်ရောက် လုပ်တဲ့အတွက် မင်းဒီ့ထက်ပိုခံစားရမယ် မင်းအဖေရောဘဲ´

ရှောင်ဦးဦးရဲ့ဂျစ်တူးလေး၀မ်(ရှောင်ဉီးဉီးရဲ့ဂျစ်တူးလေးဝမ်)Where stories live. Discover now