Part-7

464 37 3
                                    

အစည်းဝေးခန်းမထဲတွင်
၀န်ထမ်းများအား

'မင်းတို့ကို ငါမပြောထားဘူးလား ကျန်တဲ့ချိန်ဘယ်လိုနေနေ နေလို့ရတယ် အလုပ်ချိန်မှာအလုပ်က သတ်မှတ်ထားတဲ့ ၀တ်စုံကို ၀တ်ရမယ်ဆိုတာ မသိတာလား ဘာလည်း ငါမင်းတို့တွေလုပ်သမျှကိုမသိဘူးထင်နေတာလား အကုန်သိတယ်နော် ပြင်မလားဆိုပြီး စောင့်ကြည့်နေတာ အခုချိန်ထိပြင်မလာကြဘူး ပြင်တဲ့ချိန်တော့ရှိပါတယ် အလုပ်စ၀င် တုန်းကတော့Companyကပေးတဲ့ အင်္ကျီ၀တ်ပါတယ် နောက်ကျတော့ ကိုယ်ကြိုက်ရာတွေဘဲ၀တ်နေကြတယ် ငါရုံးခန်းထဲ၀င်သွားပြီဆိုရင် ကြားရပြီ ဒေါက်ဖိနိပ်သံတခွပ်ခွပ်'ဟုမိန်းကလေး၀န်ထမ်းတွေဘက်ကို လှည့်ကာပြောလိုက်တယ်

၀န်ထမ်းတွေလည်း ဘာမှ ပြန်မပြောနိုင်ကြတော့ (ပြန်ပြောရင်ဟိုက အလုပ်ထုပ်ပစ်မှာ)

'နောက်ပြီး စာရင်းကိုင်တွေ စာရင်းကိုသေချာစစ် '

'ဟုတ် စစ်ပါတယ် 'ဟု စာရင်းစစ်လို့ထင်ရတဲ့ လူနှစ်ယောက်ကပြောလိုက်တယ်

'အေးအဲ့တာဆို ငါပြန်စစ်တ်ိုင်းဘာလို့မှာနေကြတာလည်း ဘုန်း!'ဟုပြောရင်း စာရင်းတွေကို စားပွဲပေါ်ကို ပစ်ချလိုက်တယ်

'နောက်မဖြစ်စေရပါဘူး Boss'

'တော်စမ်း မင်းတို့Mallကဟာတွေသွားလို့ရပြီ ဆောက်လုပ်ရေးပိုင်းကဟာတွေနေခဲ့ 'ဟု​ရှောင်ကျန့်ပြောလိုက်တယ်

ဒီလိုနဲ့Mallက၀န်ထမ်းတွေထွက်သွားတော့ ဆောက်လုပ်ရေးပိုင်းကဟာတွေ ကတော့ရှိသမျှဘုရားအကုန် တ နေရှာတယ်

'ဆောက်လုပ်ရေးပိုင်းက တာ၀န်ခံ ခနလောက်ထပါအုံး'ဟုရှောင်ကျန့်ကစစ်ဝေကို မတ်တပ်ရပ်ခိုင်းတယ်
စစ်ဝေလည်း ကြောက်ဒူးတုန်တုန်နဲ့မတ်တပ်ရပ်လိုက်တယ်

'ခင်ဗျား ဆောက်လုပ်ရေးပိုင်းက တာ၀န်တွေကိုခဗျားကိုလွဲထားတာနော် '

'ဟုတ် ဟုတ်ပါတယ် boss'

'ဟုတ်ပြီ အဲ့တာဆို အဲ့ကအလုပ်သမားတွေ ဆောက်လုပ်ရေးလုပ်နေချိန် ဦးထုပ်ဆောင်းထားရမှာကို ဘာလို့မဆောင်းခိုင်းတာလည်း ခဗျားမဆောင်းခိုင်းတာလား'

ရှောင်ဦးဦးရဲ့ဂျစ်တူးလေး၀မ်(ရှောင်ဉီးဉီးရဲ့ဂျစ်တူးလေးဝမ်)حيث تعيش القصص. اكتشف الآن