Part-11

816 43 12
                                    

မနက်မိုးလင်းသော်
King Sizeမွေ့ယာပေါ်မှလူသားနှစ်ယောက်ကတော့ မထသေးပေ

'ဒေါက် ဒေါက် ဒေါက် ကျန့်ကော ကျန့်ကော '
ဟုXiao Amaraတစ်ယောက် ပြာယာပြာယာဖြင့် ခေါ်လိုက်တယ်

ရှောင်ကျန့် အမရာအသံကြောင့် အိပ်ယာပေါ်မှ အသာထကာ ပေါ်တိမနိုးအောင်အသာလေးတံခါးနားလာခဲ့တယ်

'ကျွီ'

အမရာရှောင်ကျန့်ထွက်လာတော့
အခန်းထဲကိုဝေ့ဝဲကြည့်ကာ တံခါးကိုအသာပြန်ပိတ်လိုက်တယ်

'ကျန့်ကော ပြဿနာတက်ပြီထင်တယ် '

'ဘာလို့လည်း '

'ဒေလီယာ ရဲ့အဖေ ထွက်ပြေးသွားတယ်'

'ဘာ!!'

'ကျန့်ကောရယ် ဖြေးဖြေးအော်ပါ ပေါ်တိ နိုးသွားအုံးမယ် '

'အဲ့ဘိုးတော် လူ့လောကမှာကြာကြာမနေချင်ဘူးထင်တယ် အဲ့ကိစ္စကိုနောက်မှဆွေးနွေးမယ် ဆန်ပြုတ် ပြုတ်ထားခိုင်းလိုက် '

'ပေါ်ပေါ်က ဆန်ပြုတ်မသောက်ချင်ဘူးလေ '

'လျှာရှည်တာ ဆန်ပြုတ်ဘဲသောက်နိုင်မှာမို့လို့ ဆန်ပြုတ်ဘဲပြုတ်ခိုင်းတာ '

'ဟွန့် အဲ့တာဆိုလည်းကိုယ့်ဘာသာသွားပြုတ် ကောင်မလေးတွေမရောက်သေးဘူး '

'နင်ကဘာလုပ်နေလို့တုန်း အခု'

'ဒီမယ်လေ မမြင်ဘူးလား 'ဆိုပြီးတံမြတ်စည်းကြီးကို ရှောင်ကျန့် ရှေ့ ထိုးပြလိုက်တယ် ရှောင်ကျန့်မှာအမြန်ရှောင်လိုက်ရတယ် မဟုတ်ရင် သူ့ဟာကြီးထိုးမိတော့မယ်လေ(မျက်စိနော် မျက်စိ😂😂)

'​ပါးစပ်နဲ့ပြောလည်းရတယ် နင့်တံမြတ်စည်းငါ့မျက်စိလည်းထိုးမိအုံးမယ် '

'😒😒😒'

အမရာနဲ့ရှောင်ကျန့်စကားများနေစဥ်

'ဦး!!!ဘယ်ရောက်နေတာလည်း ဗြဲ😭😭😭 '

ရှောင်ကျန့် ပေါ်တိအသံကြားတာကြောင့် အခန်းထဲကို အမြန်၀င်လာခဲ့တယ်

ကျန်ခဲ့တဲ့အမရာကတော့ ကျန့်ကောရဲ့တံခါး ဆောင့်ပိတ်လိုက်မှုကြောင့် နဖူးနဲ့တံခါးနဲ့ဆောင့်မိသွားတယ်

ရှောင်ဦးဦးရဲ့ဂျစ်တူးလေး၀မ်(ရှောင်ဉီးဉီးရဲ့ဂျစ်တူးလေးဝမ်)Where stories live. Discover now