1

10.1K 190 9
                                    

Zawgi
မိုင်(1)
------------

ကျွန်မနဲ့မောင်ကငယ်ချစ်ဦးလို့ပြောလည်းရတယ်။
ကျွန်မတို့ချစ်သူသက်တမ်းက၁၄နှစ်တောင်ရှိပြီလေ။ကျွန်မတို့ကအထက်တန်းကျောင်းသားဘဝတည်းကချစ်သူတွေဖြစ်ခဲ့ကြတာယခုအိမ်ထောင်သက်တမ်း၅နှစ်တောင်ရှိခဲ့ပြီ။
ကျွန်မတို့နှစ်ယောက်ကြားမှာယခုထိတော့ငြိမ်သက်အဆင်ပြေနေတုန်းဘဲ။
မောင်ကပြောဖူးတယ်ကျွန်မကိုဘယ်တော့မှသူစွန့်ပစ်မှာမဟုတ်ဘူးတဲ့ကျွန်မကိုအရမ်းချစ်တယ်တဲ့
ဒီစကားတွေကမောင် ကျွန်မကိုစွန့်ပစ်မဲ့အချိန်ကျရင်အသုံးဝင်ရင်ကောင်းသားရယ်မောင်။

ဒီနေ့ကမာင်နဲ့ကျမရဲ့မင်္ဂလာနှစ်ပတ်လည်နေ့
အရင်နှစ်ပတ်လည်တွေတုန်းကလိုမောင်နဲ့ဒီနှစ်လည်းပျော်ပျော်ပါးပါးဆင်နွှဲဖြစ်တယ်။

" Happy  Anniversaryပါမောင် "

မောင့်လက်ထဲသို့သော့တခုထည့်ပေးလိုက်သည်။

" ဒါဘာလဲမိုင် "

" မောင့်တွက်မိုင့်ရဲ့လက်ဆောင်လေမောင့်ကိုကားအဟောင်းကြီးနဲ့တွေ့ရတာသဘောမကျလို့ "

မောင်ကကျွန်မစကားကိုရယ်မောခဲ့တယ်။

" ဟားဟား မိုင်ရယ်ဒီကားကမောင်တို့သုံးလာတဲ့ဘယ်နှနှစ်ကြာပြီလဲမောင်တို့အိမ်ထောင်စကျထဲကလေ "

" ဒါတော့ဒါပေါ့မောင်ရယ် ကျွန်မရဲ့မောင်က ဆရာဝန်တစ်ယောက်ဖြစ်ပြီးကားအကောင်းစားမစီးရင်မောင့်ကိုပတ်ဝန်းကျင်ကလူတွေက ကပ်ရဲ့ကြမှာပေါ့ မောင့်ကိုတော့အဲ့လိုထင်ကြမှာကျွန်မ မလိုချင်ဘူး "

" ဟုတ်ပါပြီဗျာမိုင့်သဘောပါ ဒါနဲ့မောင်ကရောဘာလက်ဆောင်ပေးရမလဲ "

" ကျွန်မတွက်ပစ္စည်းလက်ဆောင်တွေမလိုပါဘူးမောင်ရယ် ကျွန်မကိုတသတ်လုံးသစ္စာရှိပါ့မယ်ဆိုတဲ့ကတိဘဲလိုချင်တယ် "

" မိုင့်ပေါ်မှာ မောင်အမြဲသစ္စာရှိပြီးသားပါ "

မောင်ကကျွန်မကိုဖက်လိုက်သည်။
မောင့်ကိုခြံပေါက်ဝထိလိုက်ပို့ပေးလိုက်သည်။မောင်လည်းကျွန်မလက်ဆောင်ပေးတဲ့ကားကိုမောင်းရင်းဆေးရုံသို့သွားသည်။

Mile(မိုင်)Where stories live. Discover now