2

2.6K 109 6
                                    

Zawgi
မိုင်(2)
----------

ခြံရှေ့ကကားသံကြောင့်မောင်ပြန်လာပြီဆိုတာကျွန်မသိလိုက်သည် ဒါ့ကြောင့်မောင့်တွက်ထမင်းပွဲပြင်ဆင်ပြီးခြံရှေ့၌မောင့်ကိုအပြေးကလေးသွားကြိုလိုက်သည်

" မောင်မောလာပြီလား "

" အစကတော့မောတယ် ခုမောင့်ရဲ့ချစ်ဇနီးလေးမျက်နှာကိုတွေ့လိုက်ရတော့မမောတော့ဘူးဗျာ "

" အမယ် စကားတွေသိပ်တတ် က်မ မောင်ကြိုက်တဲ့ဟင်းတွေချက်ထားတယ် ရေချိုးပြီးထမင်းလာစားတော့နော်မောင် "

" ဟုတ်ကဲ့ပါခမျ "

မောင့်လက်မောင်းကိုချိတ်ဖို့လုပ်လိုက်တော့လက်မောင်းကအကျီင်္ံစမှာသွေးစထင်နေတာကြောင့် ကျွန်မလန့်သွားရသည်

" မောင် ဒါဘာဖြစ်တာလဲ တခုခုနဲ့ခိုက်မိတာလား "

" သြော်အဲ့ဒါနေ့လည်ကလူနာတစ်ယောက်ဆေးထည့်ပေးတာနာလို့ဆိုပြီးမောင့်ကိုကုတ်လိုက်တာ "

" မောင်ရယ် မောင့်လူနာတွေကိုဂရုစိုက်တာကစိုက်တာပေါ့မောင့်ကိုယ်တိုင်လည်းကိုယ့်ကိုဂရုစိုက်သင့်တယ်လေ ရေချိုးပြီးရင်ဆေးထည့်ပေးမယ် "

" ဟုတ်ပါပြီဗျာ ပြီးတော့မိုင်ကရောမောင့်ကိိုအဲ့လိုလိုက်ဂရုစိုက်နေရတာမပင်ပန်းဘူးလား "

" မပင်ပန်းပါဘူးကျမချစ်တဲ့မောင့်ကိုဖြစ်နိုင်ရင်ဒီထက်တောင်ဂရုစိုက်ချင်သေးတာ "

" မောင်လေ မိုင့်ကိုပိုင်ဆိုင်ရတာတကယ်ကံကောင်းတာဘဲ "

ကျွန်မပြုံးမိသည်
ဟုတ်တာပေါ့မောင်ရယ် ကျွန်မကိုပိုင်ဆိုင်ရတာမောင်ကံကောင်းတယ် ကျွန်မလောက်လည်းမောင့်ကိုပိုချစ်နိုင်တဲ့သူဆိုတာရှိလာမှာမဟုတ်ဘူး ကျွန်မလောက်လည်းမောင့်အနွံတာကိုဘယ်သူမှခံနိုင်မှာမဟုတ်ဘူး ဘာလို့လဲဆို ကျွန်မလိုအချစ်မျိးနဲ့မောင့်ကိုဘယ်သူမှချစ်နိုင်မှာမဟုတ်လို့ဘဲ။

အချစ်ကဘယ်လိုမျိုးလဲဆိုတာအိန်ဂျယ်မသိဘူး
အိန်ဂျယ်သိတဲ့အချစ်ကဦးဘဲ ဦးကိုအိန်ဂျယ်ချစ်တယ် ဦးကိုအိန်ဂျယ်ပိုင်ဆိုင်နိုင်အောင်ကြိုးစားမှာ

Mile(မိုင်)Where stories live. Discover now