5

1.8K 104 2
                                    

Zawgi
မိုင်(5)
---------

မောင်အိမ်ပြန်ရောက်တော့လည်းညနေကကိစ္စကိုမောင့်ကိုမမေးဖြစ်ပါ မောင့်တွက်ရေချိုး ထမင်းစားဖို့လုပ်ပေးပြီးတာနဲ့ကျွန်မအိပ်ရာထဲမှာသာဘေးတစောင်းလှဲရင်းတချိန်ကကျွန်မကိုမောင်ကတိတွေပေးခဲ့တဲ့အတိတ်ကိုပြန်တမ်းတနေမိတယ်

" မိုင် ! "

" ဟမ် ! ရှင် ! မောင် ! "

အသံကျယ်ကျယ်နဲ့ခေါ်လိုက်တော့မှအသိဝင်လာတဲ့မိုင် မိုင်တခါမှဒီလိုမျိုးအတွေးမလွန်ဖူးပါ

" မိုင်ဘာတွေစဉ်းစားနေတာလဲ မောင်ခေါ်နေတာကြာပြီ "

" ဒီလိုပါဘဲမောင် အသစ်ရေးမဲ့ဇာတ်လမ်းတွက်ဇာတ်အိမ်စဉ်းစားနေလို့ပါ "

" မိုင်ရယ်စာရေးဆရာမ မလုပ်ပါနဲ့လားမိုင့်ကျန်းမာရေးကိုထိခိုက်တယ် မောင်တစ်ယောက်လုံးရှိပါသေးတယ်မိုင့်ကိုရှာကျွေးနိုင်ပါတယ် "

မောင့်စကားကိုကျွန်မခပ်ရဲ့ရဲ့လေးပြုံးမိသည်
သေချာရဲ့လားမောင်ရယ်ကျွန်မဘေးမှာအမြဲရှိနေပေးနိုင်မှာသေချာရဲ့လား

" စာရေးဆရာမအလုပ်ကကျွန်မပိုက်ဆံလိုချင်လို့လုပ်နေမဟုတ်ဘူးမောင် ကျွန်မဝါသနာပါလို့လုပ်နေတာ "

" မောင်နားလည်ပါတယ် မိုင့်ဒီဝါသနာကိုမစွန့်လွှတ်နိုင်ဘူးဆိုတာ "

" ကျွန်မလောကမှာအချစ်ဆုံးအရာနှစ်ခုရှိတယ်အဲ့ဒါမောင်နဲ့ကျွန်မရဲ့ဝါသနာအလုပ်ဘဲဒါနဲ့မနက်ဖန်ဘာနေ့လဲမောင်သိလား "

မနက်ဖန်မိုင့်မွေးနေ့ဆိုတာကျွန်တော်သိပါသည် ကျွန်တော်ဘယ်လောက်ဘဲအလုပ်များများအလုပ်ရှုပ်ရှုပ်နှစ်တိုင်းမိုင်နဲ့အတူမွေးနေ့ပွဲကိုဆင်နွှဲသည်

" သိတာပေါ့မနက်ဖန်မောင့်မိန်းမရဲ့မွေးနေ့ဆိုတာ "

ကျွန်မစိတ်ညစ်နေပေမဲဲ့မောင့်စကားကြောင့်တဖန်ပျော်ရွှင်မိတယ် မောင်မမေ့ခဲ့ပါဘူးကျွန်မမွေးနေ့ကိုဒါကြောင့်မောင်ကျွန်မကိုချစ်တယ်ဆိုတာကျွန်မအပြည့်ဝယုံပါတယ်

" ဒါဆိုမနက်ဖန်ကျွန်မနဲ့အတူရှိနေပေးနိုင်မလား "

" မိုင်ရယ် မသိတာလည်းမဟုတ်မောင်ဘယ်လောက်အလုပ်ရှိရှိမိုင့်မွေးနေ့ကိုတော့ဘယ်တော့မှတစ်ယောက်ထဲဆင်နွှဲခိုင်းမှာမဟုတ်ဘူးမနက်ဖန်မိုင်ဘယ်သွားချင်လဲဘာလုပ်ချင်လဲဘာစားချင်လဲဘာလိုချင်လဲအကုန်ပြောမောင်လိုက်ဝယ် လိုက်ပို့ပေးမယ်"

Mile(မိုင်)Where stories live. Discover now