11

2.1K 102 9
                                    

Zawgi
မိုင်(11)
------------

နွယ်နဲ့အတူညတွင်းချင်းရန်ကုန်ကိုပြန်လာခဲ့သည် စိတ်ထဲမှာလည်းမောင့်ကိုစိုးရိမ်တဲ့စိတ်တွေသာစိုးမိုးထားသည်

စိုင်းနောင်နဲ့အိန်ဂျယ်မှာအရက်မူးပြီးကားမောင်းကာအိမ်သို့ပြန်ရောက်လာကြသည် စိုင်းနောင်ကအိန်ဂျယ့်ကိုပွေ့ချီလျှက်အိမ်ထဲ၌ရှက်ရွံ့ဖွယ်ကောင်းအောင်ပြုမူနေကြသည်

" ဦး ! ဖြေးဖြေးလုပ်ပါအိန်ဂျယ်ပန်းအိုးနဲ့တိုက်မိကုန်ပြီ "

" မရဘူးကွာ ကိုယ်အခုအရမ်းလိုချင်နေပြီ "

စိုင်းနောင်မှာအိန်ဂျယ့်ကိုချီပြီးအပေါ်ထပ်ကအိပ်ခန်းဆီသို့ဦးတည်သွားသည်။

နွယ်နဲ့မိုင်လည်းလေယာဉ်နဲ့ရန်ကုန်သို့ပြန်ရောက်လာခဲ့သည်

" နွယ် ကားမြန်မြန်ဌား ! "

" အေးပါခဏလေး "

နွယ်လည်းလမ်းပေါ်ကတက္ကဆီတစီးကိုလှမ်းတားပြီးမိုင်နဲ့အတူအိမ်ကိုပြန်လာကြသည်
သိပ်မကြာခင်အိမ်ကိုရောက်လာခဲ့သည်

" မိုင်ဖြေးဖြေးသွား ချော်လဲမယ် "

ကားပေါ်ကနေပြေးဆင်းသွားတဲ့မိုင့်ကိုနွယ်မှလှမ်းတားသောလည်းမရပေ

" မောင် ! "

နွယ်နဲ့အတူအိမ်ထဲရောက်တော့ဧည့်ခန်းထဲမှာရှုပ်ပွနေတဲ့ပစ္စည်းတွေကိုမြင်လိုက်ရသည်

" ဟယ် ဒါတွေကဘယ်လိုဖြစ်ရတာလဲ "

နွယ့်စကားကိုပြန်မဖြေနိုင်ဘဲ ရင်ထဲ၌ထိတ်လန့်သွားမိသည် အောက်ထပ်မှာရှာကြည့်သောလည်းမောင့်ကိုမတွေ့တာကြောင့်ကျွန်မအပေါ်ထပ်ကိုဖြေးဖြေးချင်းတက်လာမိသည် တကိုယ်လုံးတုန်ယင်နေမိသည် ခြေဖျားလက်ဖျားတွေပါအေးစက်လာသည်
နွယ်ကအနောက်နေကျွန်မနဲ့အတူလိုက်လာပေးသည် အပေါ်ထပ်ရောက်တော့တံခါးစေ့ထားတဲ့ကျွန်မနဲ့မောင့်ရဲ့အခန်းလေး အထဲမှာမီးပွင့်နေသည် အခန်းနဲ့တဖြေးဖြေးနီးလာလေကျွန်မရင်တွေပိုပိုတုန်လာသည် ခြေလှမ်းတွေပါအလိုလိုနှေးလာသည် ရင်ထဲမှာစိုးရိမ်စိတ်ကြောက်စိတ်တွေပါဖြစ်လာသည် ဖြေးဖြေးအခန်းတံခါးကိုဖွင့်လိုက်သည်

Mile(မိုင်)Where stories live. Discover now