9

1.7K 88 4
                                    

Zawgi
မိုင်(9)
----------

မိုင်ခရီးထွက်မဲ့ကိစ္စကိုစိတ်ထဲကကြိတ်ပျော်နေမိတယ်

" ကောင်းကောင်းတယ် သွားလေမိုင် မောင်လိုက်ပို့ပေးရအုန်းမလား "

" ရပါတယ်မောင် နွယ်လာခေါ်လိမ့်မယ် "

" သြော် အင်းအင်း "

" ကျွန်မဟိုမှာရောက်နေတဲ့ရက်တွေကျမောင်ကိုယ့်ကိုဂရုစိုက်အုန်းနော် အိမ်ကိုလည်းစောစောပြန်အစားကိုလည်းချိန်မှန်စာအုန်း ကားကိုလည်းဂရုစိုက်မောင်း သြော်ပြီးတော့ မနက်ကျရင်ဘုန်းဘုန်းကိုဆွမ်းလောင်ဖို့မမေ့နဲ့နော် ကျွန်မခေတ်ညိုတို့ထမင်းဆိုင်ကနေပါဆယ်မှာပေးထားတယ် မနက်စောစောလာပို့လိမ့်မယ် အဲ့ဒါနဲ့ဆွမ်းလောင်းလိုက်ပြီးတော့မောင်စားဖို့လည်းခေတ်ညိုတို့လာပို့ပေးလိမ့်မယ် မောင်ကိုယ်တိုင်ထမင်းမချက်နဲ့နော် "

" ဟုတ်ကဲ့ပါလို့မောင်ကလေးမဟုတ်ပါဘူးအကုန်နားလည်တယ်သိပါတယ် မိုင်သာဟိုမှာပျော်သလောက်နေပါ မောင့်ကိုစိတ်မပူနဲ့ရတယ်သိလား "

" ကျွန်မကိုအတင်းကိုမောင်းထုတ်နေတော့ပါလားမောင် "

" ဟမ် အဲ့လိုမဟုတ်ပါဘူးမောင်ကဒီတိုင်းပြောလိုက်တာ "

ကျွန်မပြောလိုက်တော့မှပြာပြာသလဲပြန်ရှင်းပြလာတဲ့မောင် မောင့်ကိုတော့ကျွန်မသံသယလည်းမဝင်ချင်တော့ကြောင့်စကားသာဆက်မပြောတော့ဘဲ အပေါ်ထပ်ကိုတက်ဖို့ပြင်လိုက်သည်

" ထားပါလေ ကျွန်မနားတော့မယ်မောင်ပင်ပန်းနေလို့ "

တခါမှပင်ပန်းတယ်လို့မငြီးငြူဘူးတဲ့မိုင်ကဒီနေ့တော့ပင်ပန်းတယ်လို့ငြီးငြူးနေပါလား

" မိုင် နေမကောင်းဘူးလား "

" ကောင်းပါတယ်မောင်ဘာဖြစ်လို့လဲ "

" မိုင်ကတခါမှအဲ့လိုမငြီးငြူဘူးလို့မေးကြည့်ပါ "

" မောင်ရယ်ကျွန်မလည်းအသွေးအသားနဲ့တည်ဆောက်ထားတဲ့လူတစ်ယောက်ပါပင်ပန်းတတ်တယ်လူပင်ပန်းတာထက်စိတ်ပင်ပန်းတာက ကျွန်မကိုပိုဆိုးစေတယ် "

" ဘာတွေစိတ်ပင်ပန်းနေလို့လဲမိုင် "

" ဒီလိုပါဘဲမောင် "

Mile(မိုင်)Where stories live. Discover now