- Two - 💕

3.3K 298 22
                                    

Zawgyi Font

"Harry!"

"Hermione!"

"နင်ဘယ်တုန်းကရောက်တာလဲ?"

"ဒီမနက်ကမှ ရောက်တာ!Ron ရော!"

"အနောက်မှာ ပါတယ်!"

အဆောင်ကို ရောက်ရောက်ချင်း သူမရဲ့အချစ်ဆုံး သူငယ်ချင်း Harry ကို တွေ့လိုက်ရသည်..သူမကိုမြင်တော့ နွေးထွေးတဲ့ပွေ့ဖက်မှုနဲ့ နှုတ်ဆက်တဲ့ Harry ..
ဒီသူငယ်ချင်းလေးကြောင့် နှလုံးသားမရှိတဲ့ အမှောင်သခင်ကို ရင်ဆိုင်နိုင်ခဲ့တာပေါ့..

"အဲဒါ ဘာလုပ်နေကြတာလဲ?"

အနောက်က အသံကြောင့် Hermione နဲ့ Harryတို့ ဖက်ထားတာကို လွှတ်ပြီး လှည့်ကြည့်လိုက်မိတော့...
မျက်နှာကြီး စူပုပ်ပြီး မီးတောက်နေတဲ့ မျက်လုံးတွေနဲ့ Ron...

"Hi..Ron!"

Harry နှုတ်ဆက်လိုက်တော့ Ron ရဲ့ အကြည့်က Hermione ဆီကနေ သူ့ဆီ ရောက်လာသည်...

"မင်းတို့နှစ်ယောက်က ဘာကိစ္စ ဖက်နေရတာလဲ?"

"သူငယ်ချင်းတွေမို့လို့ ဖက်တာလေ!"

"သူငယ်ချင်းဆိုတိုင်း နေ့တိုင်းကို ဖက်နေကြတော့တာပဲ!"

"နင်က ငါ့ကို နမ်းပါနမ်းတာလေ!"

"ဒါကတာ့..."

Hermione က ကြားဖြတ်ပြောလိုက်တော့ Ron စကားလုံးတွေ ပျောက်ဆုံးသွားသည်..Hermione နဲ့ Ron ချစ်သူဖြစ်ကတည်းက Ron က Hermione ကို Harry အပါအဝင် ဘယ်ယောင်္ကျားလေးနဲ့မှ စကားပြောတာမကြိုက်..အကုန်လုံးကို သဝန်လိုက်တိုနေတော့တာ...
ဒါပေမယ့် အဲဒါက သူတို့ သူငယ်ချင်း သုံးယောက်ရဲ့ အခြေအနေကိုတော့ မပြောင်းလဲစေခဲ့ပါဘူး....။

"Harry!"

"ဟမ်.."

ပစ္စည်းတွေ နေရာချနေရင်း Hermione က လှမ်းခေါ်တာကြောင့် Harry လှည့်ကြည့်မိသည်...
Ron ကိုကြည့်မိတော့ ဘာကိစ္စ ခေါ်တာလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေသည်...

"ဟို..Malfoy ကျောင်းလာတက်တာ သိတယ်မလား?"

Hermione စကားကြောင့် Harry စိတ်ထဲ တစ်မျိုးဖြစ်သွားသည်...

"ဟုတ်လား?"

Harry က မသိသလို ပုံစံမျိုး မေးသော်လည်း အံသြသည့် အရိပ်အယောင်တော့ မတွေ့...

Don't Leave me alone (Z/U)CompleteWhere stories live. Discover now