- Four - 💕

2.3K 276 7
                                    

Zawgyi💕

Draco တစ်ယောက် Ella နဲ့စကားပြောနေရင်း ဂရင်းဖင်းဒေါ စကားဝိုင်းမှ ကောင်လေးကို တစ်ချက်တစ်ချက်ခိုးခိုးကြည့်မိသည်....။

ထိုလူသားလေးနဲ့မျက်လုံးချင်းဆုံမိခိုက် အလျှင်အမြန် ရှောင်လွှဲသွားသော ထိုမျက်ဝန်းများက သူ့ရင်ဘတ်ထဲက နှလုံးသားကို ဓားနှင့် မွှန်းနေသလို...။

ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ထိုလူသားလေးကိုသာ မျက်တောင်မခတ်ကြည့်နေရင်း မျက်လုံးထဲသို့ ဝင်လာသောမြင်ကွင်းတစ်ခုက သူ့ကို မျက်မှောင်ကြုတ်သွားစေသည် ...။

Ginny....ဆိုသော သူအမြဲခေါ်နေကျအမည် ဝေစလေကောင်မလေး နဲ့ သူ့ရဲ့မြတ်နိုးလှပါသည်ဆိုသည့် ကောင်လေး၏ နှစ်ယောက်သားဖလှယ်နေကြသော အကြည့်နှင့်အပြုံးများက မရိုးသားတဲ့အရိပ်အယောင်တွေကို ဖော်ပြနေသည်....။

"Draco!.....Ya...Draco!"

"ဘာလဲ?"

'ဘာလဲ'ဟု အသံလာသော်လည်း မျက်လုံးကမူ ဂရင်းဖင်းဒေါစားပွဲကို မခွာနိုင်ဖြစ်နေသော Draco ကို Ella အသံမြှင့်ပြီး နောက်တစ်ကြိမ် ထပ်အော်လိုက်သည်..။

"Draco!!"

"ဟာ...ဘာလဲလို့!"

စိတ်ပျက်သောလေသံဖြင့် သူမဘက်ကို လှည့်လာသော Draco ၏ မျက်လုံးများက တစ်ခုခုကို အလိုမကျသလိုလို မကျေနပ်သလိုလို ဖြစ်နေသည်...။
ဘာဖြစ်နေလဲဆိုတာ သိချင်သော်လည်း မမေးချင်တော့ပါ...အခုမှ သူငယ်ချင်းဖြစ်တာမို့ မေးလိုက်မိလျှင် စည်းကျော်သလိုဖြစ်သွားမည်စိုးသည်...။

"ဟဲ့!နင်ဘာပြောမို့လဲ?"

Draco ရဲ့အသံကြောင့် သူမရဲ့အတွေးစများကိုဖြတ်ပစ်လိုက်သည်...။

"အမ်..ဟို..ငါက အခုမှ Hogwart ကိုရောက်တာဆိုတော့ Hogwart ကျောင်းကြီးကို သေချာမသိသေးဘူးလေ..."

"အဲ့တော့..."

"အဲ့တော့...ငါ့ကို ည​နေကျရင် Hogwart  ကျောင်းအနှံ့လိုက်ပြပါလား"

"အေး...!"

Draco ရဲ့အဖြေကြောင့် Ella မှာ စိတ်ထဲကျေနပ်သလိုလို ဖြစ်သွားပေမယ့် Draco ရဲ့မျက်နှာ မကောင်းတာကိုတော့ သူမလည်း စိတ်မကောင်းပေ...။
တကယ်ပါ...ဒီကောင်လေးရဲ့အပြုံးကို တစ်ခါလောက်တော့ မြင်ဖူးချင်မိသည်...။

Don't Leave me alone (Z/U)CompleteWhere stories live. Discover now