- Three -💕

2.6K 290 18
                                    

Zawgyi Font 💕

"Mis.Diggory ပါ"

ပရော်ဖက်ဆာ မက်ဂေါနဂယ် ရဲ့စကားဆုံးတော့ ရွှေအိုရောင်ကောင်မလေးက သူ့ကိုယ်သူမိတ်ဆက်တယ်...

"Hello!I'm Ella Diggory! "

"Ella က အရင်ကျောင်းတုန်းကတည်းက စလေသရင်းဖြစ်လို့ စလေသရင်းမှာပဲ နေရမယ်"

"ရေး....."

စလေသရင်းသားများရဲ့ အော်သံကြီးက တစ်ခဲနက်ပေါ်ထွက်လာသည်...ဒီလောက်လှတဲ့ကောင်မလေးတစ်ယောက် သူတို့စလေသရင်းထဲကို ရောက်လာတာကြောင့် မပျော်တဲ့သူရှိတော့မည်မဟုတ်...

ဒါပေမယ့် စလေသရင်းကောင်လေးတစ်ယောက်ကတော့ ဂရင်းဖင်းဒေါက ကောင်လေးတစ်ယောက်ကိုပဲတစ်ချိန်လုံး ကြည့်နေခဲ့ရှာတယ်....

"Harry!သူမက Cedric ရဲ့ ညီမတဲ့"

ဟာမွန်နီ ရဲ့ စကားကြောင့် Harry စလေသရင်းစားပွဲက ကောင်မလေးကို လှည့်ကြည့်မိသည်...
Cedric ရဲ့ညီမလို့ပြောသည့်အတိုင်း ဖြူဖွေးသော အသားအရေနှင့် ရွှေအိုရောင်ဆံပင်တို့က Hogwart ၏ Second Cedric ဖြစ်နေသည်...
သူမရဲ့ဘေးနားကိုကြည့်မိတော့ သူမတွေ့ချင်မိဆုံးလူ Malfoy....။

Harrry ကို စူးစိုက်ကြည့်နေသော Malfoy ၏ မျက်လုံးများက အတိတ်က အကြောင်းအရာကို သတိပေးနေသယောင်...။

Harry ထိုမျက်ဝန်းစိမ်းများကို အကြည့်လွှဲမိသည်...။

"Hello!"

တစ်ယောက်သောလူကို တစ်သက်မမေ့အောင် စူးစိုက်ကြည့်နေရင်း ဘေးကနှုတ်ဆက်သံကြောင့် ကြည့်လိုက်မိတော့ ကောင်မလေးတစ်ယောက်...။

"သူငယ်ချင်းလုပ်လို့ရလား?"

ကောင်မလေး၏ အမေးက သူ့ကို တုန်လှုပ်စေသည်..အခုမှပြောင်းလာပြီး ဘာမှမသိတဲ့မိန်းခလေးတစ်ယောက်က သူ့လိုကျောင်းက ချဉ်ဖတ်ကို သူငယ်ချင်းဖြစ်ချင်တယ်တဲ့...

"ဘေးကပြောစကားတွေမကြားဘူးလား?"

"အမ်..ဘာအကြောင်းလဲ "

"ငါ့အကြောင်းလေ!"

Ella ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ စလေသရင်းကျောင်းသားများ၏ မျက်လုံးများက Draco နဲ့ သူမဆီ ရောက်နေသည်....

Don't Leave me alone (Z/U)CompleteWhere stories live. Discover now