Extra

2.6K 220 7
                                    

#Zawgyi

Harry နှင့် Draco တို့ ပြန်တွဲကြသည်မှာ တစ်ပတ် ပင် မပြည့်သေးသော်လည်း တစ်ကျောင်းလုံး တွင်တော့ ရေပန်းအစားဆုံး နံပါတ် 1 ဖြစ်နေလေသည် ။

"သူတို့ နှစ်ယောက်က တွဲနေကြတာတဲ့! "

"အမှောင်သခင်ရဲ့ နောက်လိုက်ကိုများ ဘာတွေ အထင်ကြီးနေလို့ တွဲရတာလဲ? "

"ဟိုတစ်ယောက်က ဒက်အီတာ မလား?"

စာကြည့်တိုက် ထဲသို့ လက်တွဲပြီး ဝင်လာလာချင်း ပဲ ကြားရသော တီးတိုးစကားသံ များက Harry ထက် Draco ကို ပို၍ ထိုးနှက် နေသည် ။

"လာ...သွားမယ်! "

မျက်နှာတစ်ချက် ပျက်သွားတဲ့ ဘေးနားက ချစ်ရတဲ့ ကောင်လေးရဲ့ လက်ကို တင်းတင်း ဆွဲကိုင်ရင်း စာကြည့်တိုက်ထဲသို့ ဝင်လာလိုက်သည် ။

ဒီလူသားကို ချစ်ခဲ့ကတည်းက အဆုံးထိ တာဝန်ယူစိတ် သူ့မှာရှိသည် ။

"ဒီမှာ ခန ထိုင်ဦး!ငါ ဟိုးခရပ်စ် နဲ့ ပတ်သက်တဲ့ စာအုပ်တွေ သွားရှာဦးမယ်! "

စာကြည့်စားပွဲ ခုံပေါ်ကို စာအုပ်တွေ အထပ်လိုက် ပစ်ချရင်း Harry ပြန်ရောက်လာသည် ။

"ဒါတွေ အကုန်လုံးက မှော်နက် နဲ့ ဟိုးခရပ်စ် အကြောင်းတွေ! "

"ဒါ...ဒါတွေ အကုန်လုံးလား?"

စာအုပ် အထပ်လိုက် ကြီးတွေကို တစ်အုပ်ချင်းစီ ကိုင်ကာ နှာခေါင်းရှုံ့ရင်း ညီးတွားနေတဲ့ Draco ကို ကြည့်ပြီး Harry ရယ်မိသည် ။

"မင်းကလည်း..ဒီနေ့ အကုန်လုံး ပြီးအောင် ဖတ်ခိုင်းတာ မဟုတ်ပါဘူး.. ကြည့်ပါဦး ရှုံ့တွနေလိုက်တာ မျက်နှာကြီးက..."

သူ့ မျက်နှာကို ကြည့်ရင်း ဟားတိုက်နေတဲ့ အကောင်ပေါက် ကြောင့် မျက်နှာကို ပြန်တည် လိုက်ရင်း စာအုပ် တစ်အုပ်ကို ဆွဲယူလိုက်သည် ။

"မှော်နက်၏ တစ်စိတ်တစ်ပိုင်း ( သို့ ) ဟိုးခရပ်စ်များ ! Harry...မင်း ဒီစာအုပ်တွေ ဘယ်က ရလာတာလဲ?ကျောင်း စာကြည့်တိုက် မှာ ဒါမျိုး မရှိပါဘူး "

စာအုပ် ခေါင်းစဉ် ကို ဖတ်ကြည့်ရုံနဲ့တင် ဒီ စာအုပ်မျိုးသည် ကျောင်း၏ တားမြစ် စာကြည့်တိုက် ထဲမှာသာ ရှိမည့် စာအုပ်မျိုး ဖြစ်သည် ။
သို့သော် သူတို့လို ကျောင်းသားများက တားမြစ်စာကြည့်တိုက် ကို သွားရောက်ခွင့် မရှိချေ ။

Don't Leave me alone (Z/U)CompleteWhere stories live. Discover now