- Five -💕

2.1K 265 17
                                    

Zawgyi Font 💔

"တော်သင့်ပြီ! Draco!"

ဟယ်ရီက သူ့ကိုဆွဲကိုင်ထားတဲ့ ဒရေကိုရဲ့ လက်များကို ခါချလိုက်သည်.... ။

"ဟက်..မင်းက ပြောင်းလဲသွားပြီပဲ...Harry!"

Draco က သူ့မျက်နှာပေါ်မှာ လှောင်ပြုံးတစ်ခု ဖန်ဆင်းလိုက်ရင်း Harry ကို ပြောသည် ....။

"ဟုတ်တယ်...ငါပြောင်းလဲသွားပြီ!မင်းလည်း ပြောင်းလဲသင့်ပြီ!"

"ငါက ဘာမှပြောင်းလဲစရာမလိုဘူး.. Pottah! "

သူတို့နှစ်ယောက်ကြားတွင် အခြေအနေက တဖြည်းဖြည်း တင်းမာလာသည်.....။

"မင်းငါ့ကို ပေးခဲ့တဲ့ ကတိကို မှတ်မိသေးလား? "

"ဘာ....ဘာကတိလဲ?

Harry ရဲ့ အဖြေကြောင့် Draco စိတ်ပျက်မိသွားသည်...ဒီလူသားကို မမုန်းရက်နိုင်ခဲ့ပေမယ့် အခုတော့ မုန်းနိုင်အောင် ကြိုးစားရတော့မည် ထင်သည်...။

"Hogwart battle ကြီး ပြီးဆုံးတဲ့နေ့တုန်းကလေ.."

Draco က အစဖော်ပေးလိုက်တော့မှ ထိုနေ့က အဖြစ်အပျက်က မျက်လုံးထဲ ပေါ်လာသည်...။

(Flash back..... )

Hogwart Battle ကြီး ပြီးဆုံးသွားချိန်ဖြစ်သည်...။
Harry တို့ရှေ့တွင်ပဲ Lord voldemort ဆိုသော အမှောင်သခင်ကြီးက တစ်စစီ ပျက်ဆီးပျောက်ကွယ်သွားပြီ ဖြစ်သည်....။

"Harry!"

ပရော်ဖက်ဆာ မက်ဂေါနဂယ်၏ အသံကြောင့် Harry ပရော်ဖက်ဆာကို လှည့်ကြည့်လိုက်မိသည်...။

"အခု အားလုံး ပြီးဆုံးသွားပြီပေါ့...ပရော်ဖက်ဆာ"

Harry ရဲ့ စကားကို ပရော်ဖက်ဆာ မက်ဂေါနဂယ်က အောင်နိုင်သူအပြုံးလေးပြုံးပြီး ထောက်ခံသည်...။

"ဟုတ်တာပေါ့ကွယ်...အားလုံး အဆင်ပြေသွားပါပြီ!ဒါနဲ့...Draco ကိုရော တွေ့ပြီးပြီလား..သူပြန်တော့မယ်တဲ့!"

ပရော်ဖက်ဆာ မက်ဂေါနဂယ်၏ စကားကိုကြားတော့ ဟယ်ရီတစ်ယောက် သူကိုယ်တိုင်တောင်မသိလိုက်ဘဲ Draco နောက်သို့ ပြေးလိုက်သွားမိသည်....။

Draco တစ်​ယောက် Hogwart ကျောင်းကြီးကို နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ အချိန်အတော်ကြာထိ ရပ်ကြည့်နေမိသည်...။

Don't Leave me alone (Z/U)CompleteWhere stories live. Discover now