FuFu 2 (horror)

480 58 30
                                    

“ယွန်းရော ဘယ်ရောက်သွားတာလဲ ”

ညက ၈ နာရီဖဲရှိသေးတယ်ဆိုပေမယ့် တော်တော်မှောင်နေပီ

မေ ပြောမှ ယွန်းဘယ်‌ချိန် ထသွားမှန်း မသိလိုက်ကြဘူး

“ယွန်း ဘယ်သွားမို့လဲ ဒီချိန်ကြီးလျှောက်မသွားနက် ကြောက်စရာကြီးပါဆို”

“မေ ဘယ်သူ့ကိုပြောနေတာလဲ ဘယ်မှာလဲ ယွန်း ”

“ယမင်းနဲ့သော်တာ မတွေ့ဘူးလား ဟိုမာလေ ယွန်း ”

မေတို့ ၃ယောက်က ဧည့်ခန်းထဲမှာ ထိုင်နေကြတာပါ

သော်တာနဲ့ ယမင်းက တ‌ယောက်မျက်နှာ တယောက်ကြည့်လျက်....

“မေ ဘယ်မှာလဲ ယွန်းက ”

“သော်တာဟိုမာ ...အယ် ဘယ်ရောက်သွားတာလဲ?”

“လာ မေတို့ သွားကြည့်ရအောင်..”

ပြောပြောဆိုဆိုနဲ့မေက ထထွက်သွားတော့ ကျန်တဲ့သူတွေလဲ လိုက်ရတာပေါ့....

“လာ ယွန်းက ဒီအခန်းထဲဝင်သွားတာ ”

ကျနောတို့ကြည့်လိုက်တော့ အခန်းက အကျယ်ကြီးမဟုတ်ပေမယ့် အတော်အသင့်ဖဲ ကုတင်ဘေးမှာ မှန်တင်ခုံလေးရရ် အခန်းထောင့်က စာကြည့်စားပွဲလေးရရ်

အကုန်လုံးရဲ့အကြည့်က ထိုစားပွဲပေါ်က ပါဆယ်ဗူးလေးဆီမှာ...

ကျနောတို့ဆီ ပါဆယ်ဗူးပို့တုန်းက ပုံစံအတိုင်းဖဲ

ကျနောတို့တွေ ထို စားပွဲပေါ်က ပါဆယ်ဗူးကိုဖေါက်ကြည့်လိုက်တော့ စာတစောင်!!

ထိုစာထဲရေးထားတာက

သို့

စမ်းသပ်ချက်တဲ့

ဒီခံစားချက်က နိုင်ငံခြား ကားထဲက လူတွေကို ဂိမ်းကစားသလို ကစားတဲ့ ဇာတ်ကားအားပြေးမြင်မိတော့တယ်...

“ခံစားချက်တွေမကောင်းဘူးလို့ ယမင်းခံစားနေရတယ်”

ထိုအချိန်...

အားးး

အသံနက်ကြီးဖြင့် အော်သံအား ကြက်သီးထဖွယ်ရာ ထွက်ပေါ်လာ၏

ထိုအသံလာရာအား ကြည့်လိုက်တော့ ဒုတိယထပ်က

အခန်းအပြင်ဖက် ထွက်ကြည့်မိလိုက်တော့
ဒုတိယထပ်လှေကားထိပ်မှာ ‌ယွန်းက ရပ်နေတာ

ဖူဂျီကြိုးသွယ်🌚(Short Story/ Completed)Where stories live. Discover now