FuFu 5

261 51 33
                                    

FuFu 5

(မသိဘူး ကျော်မယ် ခွမယ် 😏)

ဒေါ်နန်းတင့်တင့်စံ (ခေါ်) ယွန်း တဖြစ်လဲ
ဒီမောဆိုမြို့ကို အစစ်‌မကောင်းမှု့အကြောင်းပြုပီး
ရောက်လာခဲ့တယ်

(ဒီမောဆိုမြို့သိကြလား နာမည်လှလို့ယူသုံးလိုက်ပီ)

“အန်တီလေး နန်းပြောစရာရှိတယ်”

“ပြောလေ နန်းရဲ့...
နန်းဖြစ်ချင်တာ အားလုံးဖြစ်စေရမယ်”

“ခ်ခ် အက်တာတွေ အန်တီလေးကို ချစ်နေရတာ
မြို့စားမင်း ခွန်းစိုင်း‌သီဟဇော်ကိုသိတယ်မလား”

ဪ အက်တာ ငါတို့အောင်သွယ်ပေးရမယ့်
Seme ကြီးဖဲ

“အဲတာ ဘာဖြစ်လို့လဲ”

“နန်းသူ့ကို ကြိုက်တယ် အဲတာ ...”

ဆက်မပြောဖဲ ရပ်ကာ
ရှက်ပြုံးလေးဖြင့်....

ငါ့ဟဲ့ ဖူဂျီမ ဘယ်ခြေသွားရင်
ညာရောက်တယ်ဆိုတာ သိတာပေါ့
ဟင်းဟင်းးး

“မြို့စားမင်းမှာ စေ့စပ်ထားတဲ့ သူရှိတယ်မလား”

နန်းအေခမ်းကတော့ မျက်နှာ ပျက်လျက်

“ အိုခိလေ အန်တီလေး ကြိုးစားကြည့်ပေးမယ်”

“ဟုတ်”

ဟက် ခွန်းစိုင်းက ငါ့အပိုင်ဖဲ

ဒေါ်နန်းတင့်တင့်စံကို အသက် ၃၀ကျော် လို့သင်‌ထင်နေပါသလား?...

အက်လိုတွေးနေရင်း ချက်ချင်းဖျက်လိုက်ပါ
ခုအမှ ၂၇ ဖဲရှိပါသေးတယ်...
ရွယ်တင်နုပျိုနေတဲ့ အလှလေးပါ....

နန်းအေခမ်းရဲ့အလှက အရိုင်းဆန်တယ်ဆို
ဒေါ်နန်းတင့်တင့်စံက နတ်ဆိုးဆန်တယ်....

~~~~~~

လှေကားပေါ်ကနေ တထစ်ချင်းဆင်းလာတဲ့
နတ်ဘုရား... ယောက်ျားပီသစွာ
စေ့ထားတဲ့နှုတ်ခမ်းပါးတစုံ...

နှုတ်ခမ်းမွှေး ရေးရေးလေးတွေက
အထောက်အကူပေးထားတယ်ထင်ရသည့်အလား

ဆံပင်ကိုလှန်သပ်ထားတာက မာဖီးယားဆိုဒ်
မျက်ခုံးထူထူ နှာတံဖြောင့်ဖြောင့်လေးတွေက

မိန်းကလေးတိုင်းရဲ့အိပ်မက်....

အက်တာ ကျမရဲ့ အနာဂတ်ခင်ပွန်းလောင်းလေ

ဖူဂျီကြိုးသွယ်🌚(Short Story/ Completed)Where stories live. Discover now