FuFu 8

213 46 8
                                    

“မြို့စားမင်း အိမ်တော်ထိန်းကြီးရောက်နေပါတယ်”

ခွန်းစိုင်းမျက်မှောင်ကြုတ်မိတယ်
အရေးကြီးကိစ္စမဟုတ်ရင်
ရုံးကိုမလာတတ်တဲ့ အိမ်တော်ထိန်းကြီးက

ခွန်းစိုင်းစိုးရိမ်စိတ်တွေများလာတယ်
မနက်ထဲက သူစိတ်လေးနေတာ

“ဝင်ခိုင်းလိုက်”

“အိမ်တော်ထိန်းကြီး ဘာကိစ္စလဲ”

လေသံမာလွန်းနေသဖြင့် အိမ်တော်ထိန်းခမျာ
ကြောက်ဒူးတွေတုန်နေရပါတယ်...ဘုရား ဘုရား..

“ဟို လုလုလေး လှေကားပေါ်က....”

အိမ်တော်ထိန်းစကားကိုဆုံးအောင်နားမထောင်ဖဲ
အပြေးထွက်သွားမိတယ်...

သူစိတ်လေးနေရတဲ့အကြောင်းရင်းခုမှသိတော့တယ်
ပိစိလေးဘာမှမဖြစ်လိုက်နဲ့
ကလေးတခုခုဖြစ်ရင် ကိုကိုရင်ခွဲနာကျရမှာ

ဒါတွေကို မင်းတို့ faတွေမသိပါဘူး

ရုံးထဲလူတွေကတော့ အောက်မေးပြုတ်ကျနေပီ
သူတို့ရဲ့ မြို့စားမင်းကို ဒီလိုပုံနဲ့တခါမှမမြင်ဖူးဘူး
အမြဲတည်ငြိမ်နေတဲ့သူ တရားစီရင် ရင်တောင်

အေးစက်စက် ခပ်တည်တည်ဖဲ
အင်းငါတို့ ထီထိုးရင် ပေါက်နိုင်တယ်...

သော်တာလဲ မြို့စားမင်းနောက် ပန်းကန်လုံးစီးပီးအမြန်နှုန်းနဲ့လိုက်ရပါတော့တယ်...

~~~~~~~~

စိတ်အခြေနေကမကောင်းဘူး
ပိစိလေးဘာမှမဖြစ်ဖို့ဖဲ ဆုတောင်းနေမိတယ်

အရင်က မကိုးကွယ် မယုံကြည်ခဲ့တဲ့
နတ်ဘုရားတွေပါ တိုင်တည်မိတယ်.....

“ပိစိလေး”

“ရှုးတိုးတိုး ခွန်းစိုင်းရေ လုလုလေးအိပ်နေတယ်”

ခေါင်းမှာ ပတ်တီးကြီးနဲ့
ခွန်းစိုင်းရင်ထဲတကယ်မကောင်းဘူး
သူ့ကြောင့်ဖြစ်ရတာ သူသာ
ဒီထက်ပိုဂရုစိုက်ခဲ့ရင် ပိစိလေး
အနာတရ ဖြစ်မှာမဟုတ်ဘူး

“ဘယ်လိုဖြစ်ရတာလဲ ”

အေးစက်စက် အသံကြောင့် ဧကရီ ကိုယ်လေး
သော်တာရင်ခွင်ထဲတန်းနေတာဖဲ ဝင်သွားတာ....

ဖူဂျီကြိုးသွယ်🌚(Short Story/ Completed)Where stories live. Discover now