FuFu 4

301 57 16
                                    

FuFu 4

“မေသုခ ”

“ဘာလဲ ... အယ်မှားလို့ ပြောပါ မမလေး”

မခေါ်ချင်ဘူး ပါးစပ်ယားတယ်
မခေါ်ပြန်ရင်လဲ မောင်းထုတ်ခံရပီး
ငါကဘယ်မာသွားနေရမာလဲ

ခုခေတ်ကြီးက ငါနဲ့မရင်းနှီးဘူး ဆွေမရှိမျိုးမရှိ
စိတ်ထဲ မုန်တိုင်းတွေထန်နေပေမယ့်

အပြင်ဘက်တွင်တော့ ပြုံးလျက်..

“ ဧကရီမေ ဆီသွားမယ်
ဒင်းက အသက်ပြင်းလိုက်တာ
လှေကားပေါ်က ပြုတ်ကျတာတောင်
မသေနိုင်ဘူး ငါပိုင်တဲ့အရာကို ထိရဲတဲ့

သူ့သတ္တိကနည်းတာမှမဟုတ်ဖဲ

ဟားးဟားး ငါ့အပိုင်ကိုထိရဲတဲ့ ဘယ်သူမဆို လောကကြီးထဲကပျောက်ကွယ်သွားစေရမယ်”

အစစ်မတွေဆိုတာ တထေရာထဲ ကူးချထားတဲ့
မိတ္တုတွေဖဲ....စိတ်လေတယ်....

~~~~~~~

“မမလေး ဧကရီ ..... မမလေးနန်းအေခမ်းလာပါတယ်”

“ဟင်း တွေ့မယ် ... ငါရဲ့ နှစ်ချီ ဖူဂျီ မသိစိတ်အရ
ကြိုသိနေတယ်”

မမလေး ပြောတာနားမလည်ပေမယ့် အေးကြည်စိတ်ထဲတွင်တော့ မမလေးကိုအရင်ကထက်

ပိုဆေးတိုက်ရတော့မယ်ဆိုတာဖဲ

“အေးကြည် နန်းအေခမ်းကို ခြံထဲက ခုံမှာဖဲ စောင့်ခိုင်းထားလိုက် ”

“ဟုတ်မမလေး ”

တောက် ဒင်းကများ ငါ့ကိုခြံထဲက
ခုံမှာ စောင့်ခိုင်းတယ်
မှတ်လောက်အောင်ပညာပေးရမယ်

မေ ကတော့ တတိယဖူဂျီမျက်လုံးအရ
အစစ်မရဲ့စိတ်ရော မျက်နှာပါ မြင်နေရတာ
စိတ်တောင်မကောင်းဘူးကွယ်

‌ယမင်းရှေ့က မြင်နေရတဲ့ အမျိုးသမီးကြောင့်ခနမှင်သက်မိတယ် နတ်သမီးနဲ့နင်လား ငါလား

သူသာ စိတ်ထားကောင်းရင်
ငါကြွေမိမှာ သေချာတယ်

ခုတော့အပြင်လှပီး အတွင်းပုတ်နေတဲ့
ပန်းသီးကြီးဖြစ်နေတာခက်တယ်

“နန်း စောင့်ရတာ ကြာသွားလား”

“မကြာပါဘူး ဧကရီရယ် သက်သာရဲ့လား”

ဖူဂျီကြိုးသွယ်🌚(Short Story/ Completed)Where stories live. Discover now