FuFu 9

204 40 10
                                    

မှောင်‌မဲနေပီး ပိုးဟက်များနဲ့ ပိုးမွှားတိရိစ္ဆာန်များ

တကြွတ်ကြွတ် အော်သံများက ကြက်သီးထစရာ

ဒီလိုနေရာမျိုး မည်သူမဆို ရောက်လာပါက

စိတ်ခြောက်ခြားပီး သေနိုင်တယ်...

လက်နှစ်ဖက်လုံးကို မကောင်းဆိုးဝါးသဖွယ်

ဆက်ဆံကာ လက်များကို သံကြိုးများနဲ့

ချည်ထားပီး တကိုယ်လုံးမှာလဲ ရစရာမရှိအောင်

နှိပ်စက်ခြင်းအဆင့်ကိုခံထားရတယ်

ထိုသူကတော့ နတ်ဆိုးရဲ့ အသည်းအသက်ကလေးကို

လုပ်ကြံတဲ့ အစေခံမ ဖဲ ဖြစ်တယ်...

အခုတော့ အသက်မရှိတဲ့ အခွံသက်သက်ဖဲ

ရှိတော့တယ် နတ်ဆိုးရဲ့ နှိပ်စက်တဲ့ဒဏ်ကို

မခံနိုင်ဖဲ သေသွားရှာတယ်....

~~~~~~~~~~~~~~

ကိုကိုက အခုတလော အရမ်းပိုလာသလိုဖဲ

အိမ်သာတတ်ရင် အိမ်သာထဲထိလိုက်တယ်

စိတ်ဆိုးပီး ပေးမနမ်းဘူးပြောမှ

အိမ်သာထဲထိဝင်မလာတော့တာ....

ထမင်းစားရင်လဲ တစိမ့်စိမ့်ကြည့်နေတာ

ရေချိုးရင်လဲ ကိုကို ရေချိုးပေးတာဖဲ ငြိမ်ခံနေရတယ်

ရုံးသွားရင်တောင် လိုက်သွားနေရတဲ့အဖြစ်

“ ကိုကို! အက်လိုကြီးဖဲ တချိန်လုံး
ကြည့်နေတော့မှာလား ကျနော တကယ်စိတ်တိုလာပီ”

“ပိစိလေးရာ ကိုကိုစိတ်ကိုသိရဲ့နဲ့
ဟိုတခါဖြစ်ပီးထဲက

ကိုကို စိုးရိမ်စိတ်က
ထိန်းမရတော့ဘူး ပိစိလေးအက်လိုအဖြစ်မျိုး

ထပ်ဖြစ်မှာ ကိုကိုကြောက်လို့ပါကွာ”

မျက်နှာငယ်လေးနဲ့ပြောနေပြန်တော့လဲ

သူ့မှာ သနားရပြန်တာဖဲ သူလဲ ကိုကို့ကိုချစ်ပါတယ်

ခုလဲ ခြံထဲ ပန်းပင်တွေရေလောင်းနေတာကို

ဘေးကနေ လိုက်ကြည့်နေတာ

စိတ်ပေါက်ပေါက်နဲ့ ကိုကို့ကိုရေတွေလောင်းပစ်လိုက်တယ်

ဖူဂျီကြိုးသွယ်🌚(Short Story/ Completed)Where stories live. Discover now