Chapter-1

230 14 0
                                    

Unicode

စာရွက်စာတမ်းအထပ်လိုက်ကြီးကို
စားပွဲပေါ်ဘုန်းခနဲအသံမြည်အောင်Chanyeolပစ်ချလိုက်ပြီးနောက်ကြိုးဆွဲမျက်မှန်ရွှေရောင်လေးကိုချွတ်ကာအညောင်းအညာဆန့်လိုက်တော့သည်။

စားပွဲပေါ်တွင်လွန်ခဲ့တဲ့နှစ်နာရီလောက်ကတည်းကဖျော်ထားလို့အေးစက်နေပြီဖြစ်တဲ့ကော်ဖီခွက်ကိုပြန်နွှေးချင်စိတ်လည်းရှိမနေတာကြောင့်ဒီအတိုင်းတစ်ကျိုက်တည်းမော့ချပစ်လိုက်၏

ထိုင်နေရုံနဲ့တင်အညောင်းအညာပြေလျော့မလာတာမို့Chanyeolခြံထဲလမ်းလျှောက်ဆင်းဖို့တွေးနေတုန်းဖုန်းကထလာပြန်သည်။

Chanyeolစုတ်တစ်ချက်သတ်ရင်းဖုန်း
ကိုင်လိုက်တာနဲ့တပြိုင်နက်
တဝါးဝါးအော်ရယ်သံတွေနားထဲစူးခနဲတိုးဝင်လာတာကြောင့်ဖုန်းကိုနားနဲ့ချက်ချင်းခွာလိုက်ရသည်။

"ဟေး..Chanyeol ငါတို့အခုYoung clubမွာလာခဲ့မလား''

Oh Sehunရဲ့အာလေးလျှာလေးအသံကြီးနဲ့
ဒုန်းဒုန်းဒိုင်းဒိုင်းသီချင်းသံတွေကြားတော့
Chanyeolမှာယောင်ယမ်းပြီးပိတ်ထားသောပြတင်းပေါက်ကိုဖွင့်ကြည့်မိသည်။

နေရောင်တလက်လက်ဖြင့်
ကြည်လင်သန့်ရှင်းနေသောကောင်းကင်နဲ့စားပွဲပေါ်တွင်
မနက်ဆယ်နာရီတိတိကိုညွှန်ပြနေတဲ့နာရီကိုတွေ့မှChanyeolခေါင်းကိုခါယမ်းလိုက်ရသည်။

"မနက်အစောကြီးရှိသေးတာကို''

"မနက်အစောကြီးClubမတက်ရဘူးလို့ဘယ်သူပြောလဲလာစမ်းပါကွဒီမှာအချောလေးတွေတစ်ပုံကြီးပဲအဖြေလွှာတွေချည်းထိုင်စစ်မနေနဲ့ခေါင်းလေးဘာလေးလာရှင်းပါဦး''

Sehunရဲ့တိုက်တွန်းနှိူးဆော်ချက်အောက်မှာChanyeolမျောမလိုဖြစ်သွားရသည်။

သို့သော်မစစ်ရသေးသည့်Sectionတစ်ခုကျန်နေသေးတာကြောင့်သူ့အသိစိတ်ကသွားခွင့်မပေးပြန်

ပြီးတော့အဲ့လိုဆူဆူညံညံနေရာမျိုးတွေကသူ့စိတ်ကိုဘယ်လိုမှရှင်းပေးနိုင်မှာမဟုတ်တာကြောင့်Chanyeolငြင်းလိုက်တော့သည်။

"တော်ပြီကွာ...နောက်ငါအားတော့မှပေါ့
မင်းလည်းအသည်းကွဲတိုင်းလျှောက်လုပ်မနေနဲ့
ပြီးရင်ဘာမှလည်းမဟုတ်ပြန်ပဲနဲ့ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ဦးဟုတ်ပြီလား''

Yellow Tulips You Gave MeWhere stories live. Discover now