Chapter -3

82 11 0
                                    

Unicode

"297....298....299....300!!''

Work outအပြီးမှာChanyeolပက်လက်လှန်လှဲလိုက်ကာအသက်ကိုဖြေးဖြေးမှန်မှန်ပြန်ရှူလိုက်သည်။

နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ရင်အုံထက်က
ချွေးတွေဟာလည်း
အားကစားဝတ်စုံအပြင်ဘက်ထိရွှဲနစ်လို့နေ၏

Gymသွားမကစားချင်တော့တာကြောင့်
အိမ်မှာပဲပစ္စည်းအစုံအလင်ကိုဖြည်းဖြည်းချင်းဝယ်စုထားဖြစ်တာမို့မနက်တိုင်းChanyeolကစားဖြစ်ခဲ့သည်။

အသက်နှစ်ဆယ့်ငါးလောက်ကတည်းကWork outမှန်မှန်လုပ်လာတာကြောင့်မှန်ထဲပေါ်နေတဲ့Chanyeolခန္ဓာကိုယ်ဟာကြံ့ခိုင်သန်မာသည့်ယောကျ်ားတစ်ဦးဟန်အပြည့်အဝပေါ်နေသည်ကားအထူးတဆန်းတော့မဟုတ်တော့

နဖူးထက်မှာကျန်သေးတဲ့ချွေးအနည်းငယ်အား

ပုခုံးထက်တင်ထားတဲ့တဘက်တစ်ထည်နဲ့

ခပ်ကြမ်းကြမ်းဖိသုတ်ပစ်လိုက်ရင်းက

ကြားလိုက်ရသည့်Bellတီးသံကြောင့်

Chanyeol အိမ်ရှေ့မြန်မြန်ထွက်လာခဲ့လိုက်သည်။

တံခါးဖွင့်လိုက်တော့

ပါမောက္ခကင်မင်ဆော့ရဲ့လက်ထောက်တစ်ဦးဖြစ်သည့်ဒယ်ဂူကိုအလောတကြီးဖြစ်နေဟန်နဲ့တွေ့လိုက်ရသည်။

"ဒယ်ဂူရှီးကဒီကိုဘယ်လိုလုပ်ပြီး''

ဒယ်ဂူကစကားပင်မပြောနိုင်အောင်

တဟောဟောတဟဲဟဲဖြစ်နေတာကြောင့်Chanyeolသူ့လက်ထဲကရေဘူးလေးကမ်းလိုက်မိသည်။

ဒယ်ဂူကရေဘူးကိုဆွဲယူကာတဂွပ်ဂွပ်မြည်အောက်သောက်ချရင်းChanyeolကိုမကြည်ကြည့်လို​က်ကာ

"မလုပ်နိုင်ဘူးဆိုလည်းမလုပ်နိုင်တော့တဲ့အကြောင်းပြောနှင့်ပေါ့ဆရာParkရယ်''

"ဗျာ....ဘာကို''

"Emailပို့ထားတာနှစ်ပတ်လောက်ရှိပြီကိုPark Chanyeol Shiကမဖတ်ဖြစ်တာလားဗျာ

သိလောက်မယ်လို့ထင်ထားလို့မဆက်သွယ်ဖြစ်တာကိုမနက်ကျမှပါမောက္ခကင်ကျတော့်ကိုလှမ်းဆူမှChanyeolရောက်မလာသေးဘူးဆိုတာသိလိုက်တာဖုန်းဆက်တော့လည်းစက်ပိတ်ထားတယ်နဲ့တိုးလို့တိုးဒီမနက်ကျတော်ဘယ်လောက်ပြာယာခပ်သွားလိုက်ရလဲဒီအိမ်လိပ်စာကိုကျောင်းပိတ်ရက်ကြီးထဲဟိုလူ့ဖုန်းဆက်ဒီလူ့ဖုန်းဆက်နဲ့ရှာလိုက်ရတာကြားထဲက

Yellow Tulips You Gave MeWhere stories live. Discover now