Chapter-22

38 5 3
                                    

Unicode

အထက်တန်းသုံးနှစ်တာကာလဟာ
မျက်စိရှေ့ကလေးတင်ပြီးဆုံးသွားခြင်းကား
အိပ်မက်တစ်ခုမက်လောက်ရုံမျှဟုသာထင်ရ၏

ဒီကာလတွေအတွင်းသူတို့အားလုံးအတွက်အခြေအနေအမျိုးမျိုးကိုဖြတ်ကျော်လာခဲ့ရ၍

တစ်နည်းတစ်ဖုံရင့်ကျက်မှုကိုယ်စီနှင့်ပင်

ရှေ့ဆက်ရမည့်အနာဂတ်အိပ်မက်တွေအတွက်လူငယ်လေးတွေကိုယ်စီဟာတက်ကြွမှုများနဲ့စိုင်းတပြင်းပြင်း

''ငါတို့တက္ကသိုလ်တက်ရတော့မယ်ကွ....''

''အောင်စာရင်းတောင်မထွက်သေးပဲနဲ့''~~~~

အတန်းခေါင်းဆောင်ကသူအားကြိုးမာန်တက်ကြွေးကြော်ချိန်ဝင်နှောင့်သောဆူယောကိုမျက်စောင်းထိုးလိုက်ကာစားပွဲပေါ်ကလိမ္မော်သီးနှင့်ကောက်ပေါက်လိုက်သည်။

''ငါကစောက်ချောကြီးလေ....သေချာပေါက်ကိုအောင်မှာအောင်စာရင်းကြည့်စရာလိုမနေဘူး''

တစ်ခန်းလုံးတဟားဟားနဲ့ပျော်မြူးကာသောက်ကြစားကြနှင့်စာမေးပွဲပြီးဆုံးခြင်းပါတီကိုဆက်လက်ကျင်းပလို့ကောင်းနေကြ၏

နောက်ဆုံးစာမေးပွဲဖြေပြီးသည့်ရက်တွင်သူတို့သူငယ်ချင်းတစ်သိုက်စိတ်လွတ်ကိုယ်လွတ်ပျော်ပါးကြပေမဲ့
Chanyeolရင်ထဲတွင်ဝမ်းနည်းစိတ်ကသာနေခဲ့တာများသည်။

နှုတ်ခမ်းတွေပြုံးနေပေမဲ့ရင်ထဲဖြေရခက်တဲ့အထုံးတွေများနေတဲ့အခါBaekyunကိုကြည့်ရင်း
မတတ်သာစွာချမိတဲ့သက်ပြင်းတစ်ချက်ရယ်...

''ဟင်း...''

သီချင်းသံတွေအကျယ်ကြီးကြားထဲမှကြိမ်နှုန်းနိမ့်ပါးလှသည့်အသံရယ်ဆိုပေမဲ့Baekhyunကစတော်ဘယ်ရီဖျော်ရည်သောက်ရင်းသူ့ထံကြည့်လာလေ၏

''ဘာဖြစ်နေတာလဲ...Chanyeol''

သူ့ထံငေးလာပါသောမျက်ဝန်းဝိုင်းတွေကြောင့်Chanyeolကကျေနပ်သွားမိပါသလို

ဘာကြောင့်ရယ်မသိသဘောကျမိပါ၏

Baekhyunကဟန်ဆောင်ဖုံးကွယ်ထားတဲ့မျက်နှာဖုံးနောက်ကွယ်ကသူ့မျက်နှာအစစ်ကိုတွေ့မြင်သွားတာမျိုး

Yellow Tulips You Gave MeWhere stories live. Discover now