Chapter-16

43 6 0
                                    

Unicode

ကျောင်းဖွင့်ရက်များအတွင်းမနက်ရှစ်နာရီဆယ့်ငါးအတိ၌

ချွန်းမိုလမ်းလေးသို့
ငွေရောင်စက်ဘီးလေးတစ်စီးကဘဲလ်တီးသံနဲ့အတူဆိုက်ရောက်လာမြဲ

လမ်းထဲကလူတွေဟာပထမတစ်ရက်နှစ်ရက်တော့

အဝါရောင်ကျူးလစ်တစ်ပွင့်လက်ထဲကိုင်လျက်
နှုတ်ခမ်းတွေပြုံးနေတဲ့အထက်တန်းကျောင်းသား
လေးတစ်ယောက်စက်ဘီးစီးလာတာကို
အထူးတဆန်းလုပ်ကြည့်ကြပေမဲ့
ကြာလာတော့မြင်နေကျသွားတာမို့
အရေးတယူမရှိကြတော့
သူတို့သည်သိနေနှင့်ကြပြီး၍ဖြစ်သည်။

ထိုကောင်လေးသည်ပထမချွန်းမိုလမ်းထိပ်ဒါမှမဟုတ်လမ်းရဲ့အလယ်တွင်စက်ဘီးကိုရပ်တန့်လိမ့်မည်။
အတိအကျဆိုရရင်
ခြေဖျားထိပ်လေးနဲ့ခဲလုံးတွေဆော့ကစားကာအနှီစက်ဘီးငယ်အားစောင့်ဆိုင်းနေသည့်
ကောင်လေးတစ်ယောက်ရှေ့တည့်တည့်တွင်ဖြစ်၏

ထို့နောက်
ကျောပိုးအိတ်တစ်ဖက်သာလွယ်ထားတဲ့ကောင်လေးအား
အဝါရောင်ကျူးလစ်တစ်ပွင့်နှင့်အတူ
ချိုမြမြအပြုံးတစ်ခုရောနှောလျက်
ဆက်သပေလိမ့်မည်
အဲ့နောက်တော့စကားတစ်ခွန်းနှစ်ခွန်း​ပြောပြီး

ရယ်ရယ်မောမောနဲ့နှစ်ယောက်အတူ

ချွန်းမိုလမ်းလေးမှထွက်ခွာသွားလိမ့်မည်။

ညနေလေးနာရီခွဲလောက်ဆိုရင်​ကျောင်းအပြန်လိုက်ပို့ပြန်တဲ့ငွေရောင်စက်ဘီးလေးကိုတစ်ဖန်မြင်တွေ့နိုင်ပါလိမ့်မည်။

ဤကားပုံမှန်သာဖြစ်၏

နွေရာသီအလယ်ပိုင်းကာလဖြစ်သည့်အလျောက်အပူချိန်ကတိုး၍တိုး၍လာ၏

မနက်မိုးလင်းလုပ်စရာရှိတာလုပ်ပြီးလို့
Baekhyun ကိုဝင်ခေါ်ကာကျောင်းရောက်တာနဲ့
စာတောင်မသင်ရသေးခင်Chanyeolမှာ

အားအင်ကုန်ခမ်းကာ
ကျောပြင်တစ်လျှောက်ချွေးရွှဲနေပြီဖြစ်သည်။
သို့သော်
Baekhyun ဆီမရောက်ခင်လမ်းကျဥ်းလေးထဲက

ပန်းဆိုင်ငယ်ကိုဝင်ဖို့တော့Chanyeolကမငြီးငွေ့တတ်ခဲ့

စာသင်ခန်းအလယ်တွင်ပန်ကာနှစ်လုံးပြိုင်ဖွင့်ထားသော်လည်းChanyeolမှာအမောမပြောနိုင်သေး

Yellow Tulips You Gave MeWhere stories live. Discover now