Chapter-17

36 6 0
                                    

Unicode

နေ့လည်ထမင်းစားနားချိန်ဆို
အထက်တန်းပထမနှစ်ဖြစ်သည့်Chanyeolတို့လိုဂျူနီယာအတန်းငယ်လေးတွေကစီနီယာတွေ
ထက်ဆယ်မိနစ်လောက်နောက်ကျမှဆင်းရတာများ၏

သို့သော်
ဒီနေ့တော့ထူးထူးခြားခြားစီနီယာတွေဆင်းပြီးတာနဲ့ချက်ချင်းနားပေးလိုက်တာမို့ပထမနှစ်လေးတွေပျော်မြူးနေကြတော့သည်။

Jonginနဲ့Luhanကတော့ဒီလိုထူးခြားတဲ့နေ့လေးမှာမရှိ

''ကျောင်းလစ်နေတဲ့ကောင်တွေခံပေါ့''

Chanyeol ကလွတ်နေတဲ့ဘေးနှစ်ခုံအားကြည့်ရင်းပြောလိုက်တော့Baekhyunကခပ်ဟဟရယ်လာသည်။

Chanyeol ပြောတဲ့ခံပေါ့ဆိုတာကျောင်းစောစောနားပေးတာချည်းတစ်ခုတည်းကိုဆိုလိုတာမဟုတ်

Luhanနဲ့Jonginနှစ်ယောက်လုံးရဲ့Crush
ဖြစ်တဲ့နောက်ဆုံးနှစ်မှ မမယူရီအားCanteenမွာ
ခိုးကြောင်ခိုးဝှက်မဟုတ်ဘဲတိုက်ရိုက်တွေ့နိုင်နေတာလဲပါ၏

မမယူရီ့အနားတွင်လူတွေနဲ့ပြည့်နေတာမို့

Chanyeol ကသူ့ထမင်းဘူးနဲ့Baekhyunထမင်းဘူးနှစ်ခုလုံးကိုအိတ်ထဲပြန်ထည့်ကာ

Baekhyun ကိုဆွဲခေါ်လို့ကျောင်းခေါ်မိုးထပ်သို့နေရာပြောင်းလိုက်သည်။
ဒီနေ့ကထူးခြားတဲ့နေ့တစ်နေ့ဖြစ်တာတော့
အမှန်ပင်ခါတိုင်းနေပူနေကျခေါင်မိုးထပ်က
ဒီနေ့လေပြေအေးအေးမိုးတိမ်ရိပ်သဲ့သဲ့နဲ့
အပူဓာတ်လျော့နေလေပြန်တယ်

တစ်ခါတစ်လေဆေးလိပ်ခိုးသောက်နေတဲ့ကောင်တွေနဲ့ကြုံရင်ကြုံနိုင်ပေမဲ့ဒီနေ့မှာလူရှင်းလျက်သူနဲ့Baekhyunနှစ်ယောက်တည်းသာရှိနေချေ၏

အရိပ်ရှိတဲ့နေရာကိုရွေးလို့
နှစ်ယောက်ထိုင်လိုက်ပြီး
ထမင်းဘူးကိုယ်စီဖွင့်လိုက်ကြသည်။

Chanyeol ကCanteenအစားအစာတွေကိုမကြိုက်တတ်လှတာမို့မေမေကထမင်းဘူးထည့်ပေးရသည်။

သို့သော်Canteenမှာစာရင်းသွင်းထားတဲ့Baekhyunကတော့တစ်မူထူးခြားစွာသူ့ထမင်းဘူးသပ်သပ်ထဲကိုအစားအစာတွေပြောင်းထည့်ကာစားလေ့ရှိ၏

Baekhyun ထမင်းဘူးအရောင်လေးကအဝါရောင်ကိုမှpoohအရုပ်လေးနဲ့ချစ်စဖွယ်

Yellow Tulips You Gave MeWhere stories live. Discover now