Chapter -12

48 6 0
                                    

Unicode

Chanyeol ကအဖြစ်အပျက်အစအဆုံးJonginကိုပြောပြလို့အပြီးမှာအာတောင်ခြောက်သွားရသဖြင့်လွယ်အိတ်ဘေးမှရေဘူးကို
ထုတ်လို့
ကောက်မော့လိုက်ရသည်။

သူတို့ခြေထောက်
အောက်ဘက်မှာထိုးထည့်သွင်းထားသည့်
အိတ်ထုတ်တွေထဲမှ
ငါးခြောက်နံ့ကတလှိုင်လှိုင်ဖြင့်နှာခေါင်းထဲကိုတိုးဝင်နေသည်

လူတွေပြည့်သိပ်ရတဲ့အထဲ
အထုပ်တွေပါခုံအောက်တွေထဲအပြည့်ဖြစ်နေတဲ့ဘတ်စ်ကားကြီးထဲမှာChanyeolတို့သုံးယောက်က
နောက်ဆုံးခုံတန်းရှည်ကြီးမှာစိတ်ပျက်လက်ပျက်ထိုင်စီးနေရ၏

စက်ဘီးကအိမ်မှာကျန်ရစ်ပြီး
ဆိုင်ကယ်ကကျောင်းထဲစီးခွင့်မရှိတဲ့အတွက်
ဘောင်မဝင်တော့

Kim Jonginစီးနေကျ
လူသိပ်မပါတဲ့ဘတ်စ်ကားတစ်စီးမှာလည်း
စောထွက်သွားပြီဖြစ်တဲ့အတွက်အခုလိုကျောင်းကိုလမ်းကြုံရုံမျှသာရောက်သည့်အင်ဂျင်သံ
တသောသောနဲ့
ဘတ်စ်ကားအားမတတ်နိုင်တဲ့အဆုံးစီးလာရတာဖြစ်သည်။

တစ်ကားလုံးမှာကျောင်းသားဟူ၍သူတို့သုံးယောက်သာရှိတဲ့အတွက်တချို့မမများက
သူတို့အားကွက်ကြည့်ကွက်ကြည့်ဖြင့်..

အထူးသဖြင့်အရပ်ရှည်ရှည်မျက်နှာရွှင်ရွှင်နဲ့Chanyeolထံတွင်

Chanyeol ကနေရထိုင်ရခက်စွာBaekhyunအနီးပို၍တိုးကပ်သွားမိသည်။

Baekhyunနဲ့Jonginကြားကြုံ့ကြုံ့ကလေး
ထိုင်နေရတဲ့Chanyeolကကြာလေနေရကျဥ်းကြပ်လေ

Jongin သည်Chanyeolဘေးမှာထိုင်နေတဲ့Baekhyunကိုမကြာခနအကဲခတ်သလိုကြည့်ကြည့်နေပြီး

Baekhyunကတော့ထုံးစံမပျက်တုံဏှိဘာဝေရှိနေဆဲ

Chanyeol ကချောင်းလေးအသာဟန့်ပြီးဒီလို
အခြေအနေကြီးကိုအဆုံးသတ်ဖို့ကြိုးစားလိုက်သည်။

''Jongin..... မနေ့ကအတွက်Sorryကွာ
Baekhyun အန္တရာယ်ရောက်မှာစိုးရိမ်မိတာနဲ့မင်းကိုပြောခဲ့ဖို့မေ့သွားတာအရမ်းကြီးစိတ်ပူသွားတယ်မလား''

Chanyeol ကသူကြည့်ဖူးတဲ့dramaတွေထဲကလေသံအတိုင်းပြောလိုက်ပေမဲ့Jonginသည်အဖက်မလုပ်

Yellow Tulips You Gave MeWhere stories live. Discover now