Chapter -11

62 6 0
                                    

Unicode

'Baekhyun....Baekhyun မင်းဘယ်မှာလဲ
ဘယ်ရောက်နေတာလဲ လို့''

Chanyeol ကအိမ်ထဲဝင်လာလာချင်း
Baekhyun နာမည်ကိုခေါ်လို့နေရာအနှံ့ကိုလိုက်ရှာလိုက်သည်။

ပြေးရင်းတန်းလန်းကအဝါရောင်ကျူးလစ်ပန်းပွင့်ဖတ်တွေကြွေသွားမှာကြောင့်ဂရုတစိုက်
သတိထားရသေး၏

သူ့ခေါ်သံကိုကြားသွားပုံရတဲ့Baekhyunက
ပြူးပြူးပြာပြာဖြင့်အိပ်ခန်းထဲက
ထွက်လာသည်။

အင်္ကျီဝတ်ရင်းကထွက်လာပုံရတဲ့Baekhyunရဲ့
ရှပ်အဝါ
ဖျော့ဖျော့
တွင်အပေါ်ကြယ်သီးများကလစ်ဟာလျက်ရှိနေပြီးပခုံးတစ်ဖက်လျှောကျနေတဲ့အတွက်Collar boneဖြူနုနုလေးဟာ
တစ်စွန်းတစထွက်ပေါ်နေလျက်

ရေချိုးပြီးခါစမျက်နှာထက်မှာ
ကြည်လင်ရှင်းသန့်နေကာပန်းနုရောင်ပြေးနေပုံက
ရေထဲမှတိုးထွက်လာခါစပန်းတစ်ပွင့်ပမာ

သူ့လက်ထဲကပန်းပွင့်လေးကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီးChanyeolနူးနူးညံ့ညံ့လေးပြုံးဖြစ်သည်။

Baekhyun ကသူ့လက်ထဲကကျူးလစ်ပန်းထက်
ပိုပြီးအဝါရောင်ဆန်စွာလှ၏

''ဘာဖြစ်လို့လဲChanyeol...''

Chanyeol ကဘာမှမပြောဘဲBaekhyunထံတစ်လှမ်းချင်းတိုးလာလိုက်သည်။

Baekhyun ဟာနောက်ကိုဆုတ်မသွားဘဲ
အဲ့နေရာလေးမှာရပ်မြဲရပ်ကာChanyeolကို
အထူးတဆန်းလိုစိုက်ကြည့်နေလျက်က

''ဗိုက်ဆာနေတယ်ဆို...သွားစားမယ်လေ''

ဘာမှပြန်တုံ့ပြန်မလာတဲ့Chanyeolက
တစ်ခုခုကိုပြောဖို့အလေးအနက်စဥ်းစားနေပုံရကာ
ငြိမ်သက်နေဆဲပင်

ထို့နောက်တော်တော်ကြာမှBaekhyunထံသို့
အဝါရောင်ကျူးလစ်ပန်းလေးကိုကမ်းလိုက်ပြီး
တံတွေးတစ်ချက်မြိုချလိုက်ရင်း

''ငါကမင်းကိုကာကွယ်ပေးမယ်
ငါကမင်းကိုစောင့်ရှောက်ပေးမယ်
ငါကမင်းကိုဂရုစိုက်ပေးမှာမို့
သူငယ်ချင်းဖြစ်တဲ့အနေနဲ့
ပေးတဲ့
​ဒီအဝါရောင်ကျူးလစ်ပန်းလေးကိုလက်ခံပေးနိုင်မလား''

🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

Baekhyunကအနောက်တွင်တရိပ်ရိပ်ကျန်နေရစ်တဲ့အဝါရောင်ကျူးလစ်တွေကိုငေးရင်း
သူ့
လက်ထဲရှိအဝါရောင်ကျူးလစ်ပန်းလေးကို
ညင်ညင်သာသာ
ထိတွေ့လိုက်သည်။

Yellow Tulips You Gave MeWhere stories live. Discover now