part3.5

19.7K 1.8K 41
                                    

*ချောလိုက်တာ ဟီယောင်းအစ်ကိုများလား*

ထိုချိန်ဘေးကဟီယောင်းက

"လီဟီဂျင်း မင်းကဘယ်လို..."

ကြားထဲက ချာဝန်က စကားဖြတ်ပြောလိုက်
သည် ။

"ထိုင်ကြ "

"Daddy ဒါသားချစ်သူ ချိုဟာအွန်း "

*ဟီယောင်းအဖေလား ချောလိုက်တာ *

"အော် တွဲတာကြာပြီးလား "

"မကြာသေးပါဘူး ဒါနဲ့ daddy က သူနဲ့
ဘယ်လိုသိတာလဲ"

"မိတ်ဆက်ပေးရအုံးမယ် ဒါလီဟီဂျင်းတဲ့
မကြာခင် ကင်ဟီဂျင်းဖြစ်လာမယ့် မင်းမေမေလေး"

"တွေ့ရတာဝမ်းသာပါတယ် သား ဖေဖေလို့်
ခေါ်ကြည့်စမ်း ခွီး "

"ကလေး မစရဘူး"

မိတ်ဆက်ပေးမှူမှာ ရှေ့ကနှစ်ယောက်လုံး
စွံအ သွားရသည် ။

"ဟီဂျင်း မင်းငါ့ကိုမကျေနပ်လို့လား ဟမ် "

"ဘာကိုလဲ သားရဲ့ကိုယ့်အဖေကို ရိုရိုသေသေ
ဆက်ဆံရမယ်လေ ဟက် "

"တောက် daddy ကျတော်လက်မခံဘူး"

"ငါကလဲခွင့်တောင်းတာမဟုတ်ဘူး အသိပေး
နေတာ မင်းလက်မခံလဲ ငါကလက်ထပ်မှာဘဲ "

ဟာအွန်းကဟီယောင်း ကိုလက်ကုတ်လိုက်
သည်။

"ဟူး...နောက်မှပြောတာပေါ့ ခုလာတာက
သားကိုမုန့်ဖိုးပေးအုံး"

"မင်းကိုပေးထားတဲ့ Black card က လပိုင်း
ဘဲရှိသေးတယ်လေ "

"အဲ့ဒါက... "

"မင်းကမင်းအမေလိုဘဲ ခေါင်းထဲချီးဘဲရှိတယ်
ဟက် "

ပြောပြီးတာနဲ့ ကဒ်ပြစ်ချပေးလိုက်သည်။

"ဒီထဲမှာအကန့်သတ်နဲ့ဘဲ ရတယ် လိုတာဘဲ
သုံးပေါ့ ကိစ္စမရှိရင်သွားတော့ မင်းရဲ့မေမေလေး
အနားယူချိန်ရောက်နေပြီး "

"ကျတော်လက်မခံဘူးနော် daddy နောက်မှ
ထပ်လာခဲ့မယ် "

ဟီယောင်းလဲဟာအွန်းလက်ကိုဆွဲထွက်သွား
လိုက်သည်။ ကားပေါ်တွင်

"တောက် ... ဘယ်လိုဖြစ်ပြီး daddy နဲ့လဲ"

*ငတုံးကောင် နင့်အဖေကနင့်ထက်သာတယ်
နင်ကအသုံးချခံဘဲ*

System ဒေး (Completed)Where stories live. Discover now