part 9.1

18.1K 1.5K 40
                                    

ဇာတ်ကြောင်းသူထိုင်းဖတ်လိုက်တော့

ဇာတ်လိုက် ကရုပ်ရှင်မင်းသား ချိုဒိုဝမ်ဖြစ်ပြီး
ဇာတ်လိုက်မက ရုပ်ရှင်မင်းသမီးဂင်ချန်းမီဖြစ်
သည်။ ဒိုဝမ်ကအရမ်းပွေကာမင်းသမီး မော်ဒယ် မိတ်ကပ် သမား သူမတွဲဖူးသူမရှိပေ။
နောက်ပိုင်းတွင် ဂင်ချန်းမီကြောင့်ခြေငြိမ်သွား
သည်။

ဒိုဝမ်မှာက တွဲနေတဲ့ချစ်သူရှိပြီး သူကတော့
မိတ်ကပ်ဆရာ ကင်ဂျီအာဖြစ်သည်။
ဂျီအာတွင် စေ့စပ်ထားတဲ့သူရှိပေမယ့် သူက
တော့ ဒိုဝမ်မှဒိုဝမ်ဘဲဖြစ်နေသည်။
ချန်းမီပေါ်လာတော့ ပြဿ နာစတာဘဲ
ချန်းမီက ဂျီအာနဲ့မှလိမ်းချင်သပဆိုလို့ ဂျီအာ
ကလိမ်းပေးသည်။ အဲ့ချိန်တွေဆိုမင်းသားက
သူနဲ့ဘယ်လို ဘာတွေဆိုပြီးဂျီအာကိုအမြဲပြောသည်။ဂျီအာကတော့ ဘာမှမပြောဘဲ သူ့
အလုပ်သာသူလုပ်သည်။ ချန်းမီ
ကအဲ့ဒါကိုမကြိုက်တာ သူလိုချင်တာပြဿ နာ
ရှာစေချင်တယ် ဒိုဝမ်နဲ့ပျက်စေချင်တာဖြစ်သည်။
နောက်တော့ သူမအကြံရပြီး ဂျီအာ လိမ်းပေး
တဲ့မိတ်ကပ်ကြောင့် သူ့အသားရည်ပျက်စီးရပါတယ် ဂျီအာက သူ့ကိုမနာလိုလို့လုပ်ပါတယ်ဆို
ပြီး ဇွတ်ဒရမ်မာခင်းကာ သူမ fan တွေကလဲ
ကုမ္ပဏီရှေ့ထိ ပြဿ နာလာရှာတော့သည်။
ဇာတ်လိုက်ကလဲ ဂျီအာကိုလမ်းခွဲလိုက်ကာ
ဂျီအာဟာ ကုမ္ပဏီကနေအလုပ်ထွက်ပြီး
တိုက်ခန်းထဲပုန်းရတဲ့ထိဖြစ်လာသည်။ သူနဲ့
စေ့စပ်ထားတဲ့သူကလဲ စေ့စပ်ပွဲဖျက်ခဲ့ပြီး
သူကတော့ မြို့ပေါ်မှာတောင်မနေနိုင်ဘဲ
နယ်ဘက်ပြေးရတဲ့ထိအခြေနေဆိုးဝါးခဲ့သည်။
ဇာတ်လိုက်နဲ့ဇာတ်လိုက်မကတော့
ဖောအင်လပ် ကာပေါင်းသွားကြသည်။

(နေပါအုံး စေ့စပ်ထားတဲ့လူက ဘာလို့ဖျက်တာလဲ)

(ဆက်ဖတ်ပါ)

အမှန်က ချန်းမီက လက်ဖက်စိမ်းမ မင်းသမီး
ဖြစ်ဖို့ အဖိုးကြီးတွေနဲ့အိပ်ကာ ဒိုဝမ်နဲ့နီးစပ်ဖို့
အမျိုးမျိုးကြိုးစားခဲ့သည်။ ဒိုဝမ်နားက ဂျီအာကိုလဲ
နေစရာနေရာမရှိအောင်လုပ်ခဲ့ပြီး ဂျီအာနဲ့
စေ့စပ်ထားတာ သူတို့Ent ရဲ့သူဌေးမှန်း သိလို့
မစားရတဲ့အမဲသဲနဲပတ်တဲ့သဘော အပုတ်
ချကာ ဂျီအာဟာ မသန့်ရှင်းတဲ့သူအဖြစ်
သွားပြောတာကြောင့်ဟိုက ယုံပြီး စေ့စပ်ပွဲ
ဖျက်လိုက်သည်။

System ဒေး (Completed)Where stories live. Discover now