part 4.2

20.5K 1.5K 96
                                    

အဆဲခံရတဲ့ဘုရင်က ပြုံးနေပေမယ့်
ပတ်ချန်ဟောင်နဲ့မယ်တော်ကြီးကတော့ မျက်နှာ
ပျက်နေသည်။

*တောက်အေးဆေးမနေဘဲ ငါ့လမ်းကိုဝင်ရှူတ်
ချင်နေတယ် *

မိဖုရားခေါင်နန်းဆောင်မှာတော့ ကျန်းဇီ ဆေးစာရေးပြီး အစေခံကို ဆေးကျို ခိုင်းလိုက်သည်။

"မင်းနာမည် "

"ကျတော်က လုရီ ပါ မိဖုရားကြီး"

"မင်းငါ့ရဲ့သက်တော်စောင့်လုပ်မလား"

"ကျေးဇူးကြီးမြတ်လှပါတယ် "

"မင်းကိုဟိုကသတ်တဲ့အကြောင်းရင်းငါသိချင်တယ် "

"အဲ့ဒါက....ဟို..."

"ငါ့ကိုသတ်ခိုင်းတာမလား"

လုရီ မိဖုရားခေါင်ကိုမော့ကြည့်လိုက်သည်။
ဘယ်လိုသိတာလဲပေါ့

"ငါသိပြီးသားဘဲ ခုကစပြီးမင်းက မယ်တော်
ကြီးနဲ့ကြင်ယာတော်ကိုစောင့်ကြည့်ထား"

"အမိန့်အတိုင်းပါ"

"အင်း...မင်းက အစေခံ ရှီ နဲ့တူတူနေလိုက် သွားတော့"

ထိုလူထွက်သွားတာနဲ့

(ဒေး ဘာလို့ဇာတ်လိုက်က ငါ့မောင်လဲ)

(မသိဘူးလေ အထက်က ထည့်တာ)

(ကျစ် ခုသူနဲ့ဟိုbit*h ဘာမှမဖြစ်သေးဘူးမလား)

(ဟုတ် စိတ်ထဲတောင်မရှိသေးပါဘူး)

(ကောင်းတယ် ဒါနဲ့ဘယ်သူနဲ့ဆက်ဆံပြီးပြီးလဲ)

(ဘာလုပ်မလို့လဲ)

(သတ်ပစ်မလို့)

(ဂလု...မဆက်ဆံရသေးပါဘူး)

(အင်းငါကအတ္တကြီးတယ် ငါ့အပိုင်လို့သတ်မှတ်
ထားရင် ဘယ်သူမှထိတာမကြိုက်ဘူး ငါ့စီက
ထွက်သွားမယ်ဆိုရင်တောင် ရှင်လျက်နဲ့မရဘူး)

ဒေး သူ့host ကိုကြည့်ပြီး တံတွေးမြို့ချနေသည်။
မင်းကြီးနန်းဆောင်တွင်...

"ကြင်ယာတော်အကြောင်းမှန်ကိုစုံစမ်းခဲ့ ယီ"

"ဟုတ်ကဲ့ပါမင်းကြီး "

ယီ ထွက်သွားမှ သူမိဖုရားခေါင်အကြောင်းစဉ်းစားလိုက်သည်။ သူတို့နှစ်ယောက်ကချစ်ကြည်
ရေးအနေနဲ့လက်ထပ်ခဲ့ပြီးတစ်ခါမှမျက်နှာချင်းမဆိုင်ဖူးဘူးပေ။မိန်းမတွေအများကြီးရှိပေမယ့်
သူဟာနာမည်ကြီးထမင်းငတ်ဖြစ်သည်။ ကြင်ယာတော် ချန်ပတ်ဟောင်က အခွန်အမတ်
ချန်ရဲ့သမီးဖြစ်ပြီးမယ်တော်ကြီးကိုယ်တိုင် ပေးစားလို့လက်ထပ်ထားခြင်းဖြစ်သည်။

System ဒေး (Completed)Where stories live. Discover now