Real life 3

16K 1.4K 85
                                    

ကျောင်းနောက်ဘက်ကတစ်နေရာအရောက်...

"ကြွေ အဆင်ပြေလား "

"ဖက်ထားပေးလို့ရမလား မင်းဖက်ထားရင်
ငါအဆင်ပြေလောက်တယ် "

"အင်း...လာ"

သက်ကြွေ ခစား ရင်ထဲတိုးကာဖက်ထား
လိုက်သည်။သူလွမ်းနေတာ ဒီကိုယ်နံ့လေးကို

"တကယ်လမ်းခွဲမလို့လား "

"အင်း...ငါ့မှာသူ့တွက်အချစ်မရှိတာကြာပြီး "

"....."

"ငါလူတစ်ယောက်ကို ငါ့အသက်ထက်ပို
ချစ်မိနေပြီး ခစား"

ခစား ဖက်ထားတာဟာပိုတင်းကြပ်သွားသည်။

"အ...ခစား အသက်ရှူကျပ်တယ် "

"Sorry ကြွေ..ဒါနဲ့ကြွေချစ်တယ်ဆိုတဲ့သူက
ဘယ်သူလဲ"

"အချိန်တန် သိလာလိမ့်မယ် "

"အင်းပါ "

သူကြွေ့ကိုဖက်ထားရင်းခေါင်းလေးကိုနမ်းနေ
သည်။

*တစ်ခါရှုံးပြီးပြီး နောက်တစ်ခါအရှုံးမခံဘူး
မင်းချစ်နေတဲ့သူ ဘယ်သူဖြစ်ဖြစ်အရှင်မထား
ဘူး*

"အဟွတ်...မောလိုက်တာ မင်းတို့ကလဲ မြန်
ချက်..အဲ ဖက်ထားတယ်တော့"

"မင်း..မင်းကဘာလိုက်လုပ်တာလဲ"

"မင်းတို့နောက်လိုက်လာတာလေ "

"ကျစ်... ချီးထုတ် "

"ငါတို့ အတန်းပြေးကြမလား "

ဒေးစကားကြောင့် သက်ကြွေ က ခစားကို
ကြည့်လိုက်သည်။

"ကြွေ သဘော "

"ဟီး အဲ့တာကြောင့်.ချစ်...အဟမ်းသွားမယ်
လေ "

ရှေ့ကပြေးထွက်သွားတဲ့ ကြွေ့ကိုကြည့်ကာ
သူပြုံးလိုက်မိသည်။

တစ်လရှိပြီး ရောင်နီနဲ့ကြွေလမ်းခွဲခဲ့တာလမ်းခွဲ
တဲ့နေ့ကစပြီး သူတို့ကသူစိမ်းလိုဖြစ်သွားပြီး
သည်။ ကျောင်းဆင်းချိန်တွင် ...

"ကြွေ ခနစောင့် ကိုယ် ကားသွားထုတ်အုံး
မယ် "

ခစားကားထုတ်နေချိန် ဒေးကနတ်သက်ကြွေ
နားအဖော်စောင့်ပေးနေသည်။ ထိုချိန် သူတို့နား
ရောက်လာတဲ့ ချိုချိုချစ်က...

System ဒေး (Completed)Where stories live. Discover now