part8.1

18.7K 1.5K 108
                                    

ဇာတ်ကြောင်းမှာ

ဇာတ်လိုက်က Janus လို့ခေါ်တဲ့ ခေါင်းဆောင်
ဖြစ်ပြီးရွှေရောင်မျက်လုံးတွေနဲ့ ရက်စက်တဲ့လူ
တစ်ယောက်ဖြစ်သည်။ ဇာတ်လိုက်မကတော့ Moonဖြစ်ပြီး သူတို့နှစ်ဦး စတွေ့တာက
လေ့ကျင့်ရေးစခန်းမှာဖြစ်သည်။ သူတို့မှာက
မိန်းမယောကျာ်းအကုန် အတိုက်ခိုက်တွေ
သင်ရပြီး Moon ကတော့ ထက်မြတ်ပြီး
ရက်စက်ကာ အတော်ဆုံးမဟုတ်ပေမယ့်
ယောကျာ်းတွေနဲ့ရင်ဘောင်တန်းနိုင်သည်။
အဲ့ဒါတွေကိုဘဲဇာတ်လိုက် Janus က
ကြိုက်သွားတာဖြစ်သည်။

Janus သည် ဘယ်တော့မှ လေ့ကျင့်ရေးကွင်း
ကိုလာမကြည့်ဘဲ သူ့တပည့်နဲ့သာလွှတ်ထား
ပြီး ပြိုင်ပွဲနေ့တွေလောက်မှသာလာတတ်ကာ အမြဲ CCtV ကသာ ကြည့်နေတတ်သည်။

သူဝင်ထားတဲ့ကိုယ်က အရံတောင်မဟုတ်ဘဲ
ဖြတ်လျောက်တစ်ယောက်ဖြစ်ကာ ဇာတ်လိုက်မနဲ့သူ့လူတွေရဲ့အနှိမ်ခံလေး နာမည်က Adam
ဖြစ်ပြီး ထူးခြားချက်ကမျက်လုံးတစ်ဖက်ကရွှေ
ရောင်တစ်ဖက်ကအမဲ ရောင်ဖြစ်သည် Adam ကအနေအေးပြီးသူများဘာလုပ်လုပ်ညိမ်ခံနေတတ်ကာ သူ့တွင်သူငယ်ချင်းတောင်မရှိပေ။
ဇာတ်လိုက်မကAdam ကို Janus ရဲ့ တပည့်က ကြိုက်ပါတယ်ဆိုပြီး ပြောခဲ့သည်။Adam
ကမချစ်ဖူးတာကြောင့်ရင်ခုန်ကာ moon ကနေ
တစ်ဆင့် လက်ဆောင်တွေ ထည့်ပေးသည်.
ဟိုလူကတော့သူ့ကို တွေ့ရင်လှည့်တောင်မ
ကြည့်ပေ။

နောက်တော့သိလိုက်ရတာက သူ့နောက်ကွယ်
မှာ သူ့ကို ဟာသလိုသဘောထားပြီး လှောင်နေတယ်ဆိုတာပင်။ သူပေးတာတွေကိုလဲ moon ကသာ သုံးခဲ့သည်။သူလဲအရမ်းရှက်ပြီး
သူအနိုင်ကျင့်တာမခံနိုင်တဲ့အဆုံး သက်သေခဲ့သည်။

(A/N ကိုယ်တိုင်ကြုံတာနော် သူငယ်ချင်းအရင်း
ကြီးကလုပ်သွားတာ နောက်မှာ အသေဟား
တာ ကိုယ်သိတာမြန်လို့ ဒါတောင် သောက်
ခွက်ပြောင်ပြီး ကိုယ့်စီပိုက်ဆံလိုရင်ဆက်သွယ်
တယ်)

(ဟူးး...ခုငါကဘယ်ချိန်ရောက်လာတာလဲ)

(မနေ့က အကြောင်းရာတွေသိပြီး ငိုထားတာပါ
Host)

(ဇာတ်လိုက်နဲ့တောင်မတွေ့လိုက်ရဘူး)

(Mission က ဇာတ်လိုက်မကို လက်စားချေရန်
ချစ်တဲ့သူနဲ့ ပေါင်းဖက်ရန် ပါ)

System ဒေး (Completed)Where stories live. Discover now