part7.7

16.9K 1.5K 42
                                    

ရဲစခန်းတွင်...

"ဘာအမှူနဲ့ဖမ်းလာတာလဲ မင်းတို့ကြောင့်
ငါသိက္ခာကျ ကုန်ပြီး အဲ့တော့ အသရေဖြတ်မှူနဲ့တရားပြန်ဆွဲမယ် "

"အဟမ်း ဒီလိုပါ တေးဥသြကို မူးယစ်ဆေးဝါး
သုံးစွဲမှူနဲ့ အတိုင်ခံထားရတယ် "

"ဘယ်သူတိုင်တာလဲ မင်းမေလင်လား"

"ဟို..အဟမ်း ဆီးစစ်ရပါမယ် "

"နေပါအုံး ငါကဖြန့်ဖြူးတဲ့သူမဟုတ်ဘဲ
သုံးတဲ့သူပေါ့ဟုတ်လား"

"ဟုတ်ပါတယ် "

"ဥပဒေမှာ သုံးတဲ့သူထက်ဖြန့်တဲ့သူကို
ပိုအပြစ်ပေးတယ် အကယ်၍ ဆေးစစ်ချက်
ထွက်လာလို့ ငါမသုံးထားရင်အပြစ်မရှိတော့ဘူး
ပေါ့ ဟုတ်လား"

"ဟုတ်..ဟုတ်ကဲ့"

"ငါထင်တာ တော့ ဖြန့်တဲ့သူက သူတို့ကိုယ်
သူတို့ကယ်တင်ဖို့ ငါ့နာမည်သုံးလိုက်တာ
ထင်တယ် "

"....."

"ဟက်...ခုဆေးစစ်ချက်ကိုစောင့်မယ် အေ
ငါအပြစ်ကင်းတယ်ဆို မင်းတို့စခန်းတစ်ခုလုံး
ကိုအသရေဖြတ်မှူနဲ့တရားစွဲမယ် "

ထိုချိန်

"ဘယ်မှာလဲ ဟမ်!! ဝုန်းး"

မင်းစိုးရာဇာ သတင်းကြားကြားချင်းစခန်းကို
လိုက်လာပြီး သောင်းကျန်းနေသည် ။

"ရှ..ရှိပါတယ် ခ. ခနလေးစောင့်ပါ"

"မောင် ဘယ်လိုရောက်လာတာလဲ "

"အသေးလေး ဘာဖြစ်သွားသေးလဲ သူတို့ဘာလုပ်သေးလဲဟမ် "

"ဘာမှအဖြစ်ပါဘူး မေးစရာရှိလို့ခေါ်ဘာတာတဲ့"

"တောက်...တေးကိုငါပြန်ခေါ်သွားမယ်
မကျေနပ်လဲ လဲသေကြ"

ဘယ်သူမှမတားရဲ မဟုတ်ရင်ထမင်းအိုးကွဲမယ်
လေ ...

တစ်ဖက်တွက် လင်းနေတို့သားမိက
အောင်ပွဲခံနေသည် ။

"မေမေ ခုဆိုဟိုကောင်ပြဿ      နာတက်နေလောက်ပြီး "

"ဒါပေါ့သားရယ် ဟက် သူနဲ့ဟိုကောင်နဲ့ဖောက်
ပြန်နေတဲ့ သတင်းလဲ မေမေက တင်ခိုင်းထား
တယ် အဲ့ဒါဆို ကွာရှင်းဖို့အလွယ်လေး ပိုင်ဆိုင်မှူ
တစ်ဝက်ရဖို့အသာလေးဘဲ ပြီးတော့ ကလေးက
သားရဲ့ကလေးမဟုတ်ကြောင်းရော သတင်းစာရှင်းလင်းပွဲမှာပြောပြီးအသနားခံပါ
ရော်ကြေးရအောင်တောင်းရမယ် "

System ဒေး (Completed)Where stories live. Discover now