Love Letters

988 76 15
                                    

*Unicode*

N Letter 💌

‌မင်းကရုပ်ရှင်ကြည့်ရတာကြိုက်တယ်ဆို
ကိုကိုကတော့ မင်းကိုကြည့်ရတာကို ကြိုက်တာ။

ဒါမဲ့ရပါတယ် မင်းကကြိုက်တယ်ဆိုတော့
ကိုကိုကမင်းကြည့်တဲ့အခါ အဖော်ပြုပေးပါ့မယ်။

မင်းရဲ့ကိုကို

..........❣

"ဘာလဲဟ?"

လော့ကာထဲကထွက်ကျလာသော စာအိတ်အဝါရောင်‌လေးထဲကစာကိုဖတ်ပြီး သူ့မှာအူကြောင်ကြောင်ဖြစ်သွားရသည်။

စာရွက်အဝါရောင်လေးကို ဖင်တပြန်ခေါင်းတပြန်ကြည့်နေတာတောင် သူ့မှာဒီစာရဲ့ဆိုလိုရင်းကို နည်းနည်းလေးမှသဘောပေါက်ခြင်းမရှိပါ။

"ဘာတွေကြည့်နေတာလဲ"

သူ့ပခုံးကိုလှမ်းဖက်ပြီး မေးလာသောဟယ်ချန်းကိုလှည့်ကြည့်ပြီး စာရွက်ကိုပြလိုက်သည်။

"ဒီမှာလေ ဘာစာမှန်းမသိဘူး ငါ့လော့ကာထဲရောက်နေလို့..."

"ဟုတ်လား ပြစမ်း!"

"ဟိတ်ကောင် ဖြေးဖြေးဟ ပြဲသွားမယ်"

အကြမ်းပတမ်းသူ့လက်ထဲကစာရွက်ကို ဆွဲယူလိုက်တာကြောင့် ပြဲမည်စိုးသဖြင့် ဟယ်ချန်းကိုလှမ်းကြိမ်းရသေးသည်။

အမြဲအီဟယ်ချန်းတို့ကတော့ အကြမ်းပတမ်း။

"ငါဖတ်ကြည့်သလောက်တော့ ရည်းစားစာဖြစ်မယ်ထင်တယ်"

စာကိုဖတ်ပြီးနောက်ပြောလာသော ဟယ်ချန်းစကားကြောင့် မျက်လုံးပြူးသွားရသည်။

"ဒါကရည်းစားစာဟုတ်လား"

မယုံနိုင်စွာဖြင့် စာရွက်ပြန်ယူပြီး ပြူးပြဲဖတ်ကြည့်တာတောင် ရည်းစားစာလို့သူလုံးဝမထင်သေးပေ။

"ဘယ်နားကဟာကိုကြည့်ပြီး ရည်းစားစာလို့ထင်ရတာလဲ ငါတော့ရည်းစားစာလို့လုံးဝမထင်ဘူးနော်"

တကယ်ပဲ ဒီစာလေးကြောင်းကို အကြိမ်ကြိမ်ဖတ်လည်း ရည်းစားစကားပြောထားတာဘယ်နားလဲဆိုတာ သူလုံးဝရှာမတွေ့ပေ။

Love LettersWhere stories live. Discover now